ဓာတ်ပုံ – CJ

ပျားကြီး၊ ဇန်နဝါရီ ၃၁ ရက်၊ မန္တလေး

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက ချမ်းအေးသာဇံမြို့နယ်မှာရှိတဲ့ ဗထူးဘောလုံးအားကစာကွင်းက နေအိမ်ဆိုင်ခန်းအပါအဝင် ဘောလုံးကွင်းပတ်လည်က ဆိုင်ခန်းပေါင်း ၂၅၀ ကျော်ကို ဖယ်ရှားရှင်းလင်းခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းက ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ကို ထပ်မံ ဖယ်ရှားရှင်းလင်းပစ်ခဲ့တာ ဖြစ်ပါတယ်။

“ဒီလို အထွေထွေ ကြပ်တည်းနေတဲ့အချိန်မှာလူတွေကို အိုးမဲ့အိမ်မဲ့ဖြစ်အောင် လုပ်တာက မဖြစ်သင့်ဘူးပေါ့။ အဲ့ဒီနေရာတွေမှာ ကျောင်းနေအရွယ်ကလေးတွေ အများကြီးပါနေတယ်။ အခုကျ သူတို့အတွက် အများကြီး ခက်ခဲသွားပြီ” လို့ ဆိုင်ခန်း ဖယ်ရှားခံရသူ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘောလုံးကွင်းနဲ့ စာသင်ကျောင်းက နေအိမ်ဆိုင်ခန်းတွေဟာ အရင်စစ်အာဏာရှင် သန်းရွှေလက်ထက်မှာ နှစ်ပေါင်း ၃၀ သက်တမ်းနဲ့ တရားဝင် ဆောက်လုပ်ရောင်းချပေးခဲ့တာဖြစ်ပေမဲ့ လက်ရှိ ဖယ်ရှားခံရချိန်မှာ နေထိုင်ခွင့်သက်တမ်း အနည်းဆုံး ၆ နှစ်ကနေ ၈ နှစ်အထိ ကျန်ရှိနေသေးတယ်လို့ ဖယ်ရှားခံရသူတွေက ပြောဆိုပါတယ်။

နေအိမ်ဆိုင်ခန်း ဖယ်ရှားရှင်းလင်းမှုကို ရာနဲ့ချီတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲ၊ စည်ပင်၊ မီးသတ်နဲ့ ထွေအုပ်ဝန်ထမ်းက လိုက်လံ လုပ်ဆောင်တာဖြစ်ပြီး အမိုးအကာအပါအဝင် အဆောက်အဦးရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ဖြိုချဖျက်ဆီးခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဒါ့အပြင် မန္တလေးမြို့အနီးဝန်းကျင်မှာစစ်ရိပ်စစ်ငွေ့ သမ်းလာတာနဲ့အမျှ စစ်ကောင်စီဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အပိုင်စီး တပ်စွဲထားတဲ့ နန်းတွင်းရဲ့ ၁ မိုင်ပတ်လည် အကွာအဝေးအတွင်း အထပ်မြင့်အဆောက်အဦး ဆောက်လုပ်ခွင့်ကို ဇန်နဝါရီလကစပြီး ပိတ်ပင်ခဲ့တာ တွေ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။