ဓာတ်ပုံ – Khun Ruk

ရွှေဖီမြေ၊ ဇူလိုင် ၂၃ ရက်၊ နမ့်ခမ်း

တအာင်းတပ်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့မှာ ရွှေလီမြစ် ရေကြီးမှုကြောင့် ဓာတ်ဆီတင်ယာဉ်တွေ ဝင်ရောက်မလာနိုင်တဲ့အတွက် ဓာတ်ဆီပြတ်လပ်လာပြီး ဆီဆိုင်တွေက ဓာတ်ဆီကို အကန့်အသတ်နဲ့သာ ရောင်းချနေတယ်လို့ နမ့်ခမ်းမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၂၁ ရက်မှာ နမ့်ခမ်းမြို့ရှိ ပန့်ဆီဆိုင်တွေ ဖွင့်လှစ်ရောင်းချပေမယ့် ပန့်ဆိုင်တချို့‌က 92 နဲ့ 95 ဓာတ်ဆီတွေ ကုန်နေကြောင်း သိရပါတယ်။

နမ့်ခမ်းမှာ နေထိုင်သူ တစ်ဦးက “ဆိုင်တွေတော့ဖွင့်တယ်။ သွားမေးကြည့်တော့ မရှိတော့ဘူးတဲ့။ 92 နဲ့ 95 ဓာတ်ဆီတွေ မရှိတော့ဘူး။ မရှိတော့တာလား မရောင်းတာလားတော့ မသိဘူး” လို့ ပြောပါတယ်။

ပန့်ဆီဆိုင်အများစုမှာ ဓာတ်ဆီပြတ်လပ်လာတာကြောင့် ပါဆယ်နဲ့ ကားတွေကို ဓာတ်ဆီထည့်သွင်းရောင်းချခြင်း မပြုတော့ဘူးလို့ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“ဆိုင်က မပိတ်ဘူး။ ဖွင့်တယ် ဒါပေမယ့် ဆီဆိုင်ရဲ့နံရံမှာ စာကပ်ထားတယ်။ ပန့်ဆိုင်တွေမှာ 95 ကုန်နေပါပြီဆိုပြီး ရေးထားတယ်။ ၄၊ ၅ ဆိုင်ရှိတယ်။ တချို့ဆိုင်က ပါဆယ်နဲ့ ကားတွေမထည့်ပေးတော့ဘူး” လို့ ပြောပါတယ်။

နမ့်ခမ်းမြို့မှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်က တရုတ်နိုင်ငံဘက်ရှိ လောင်းကျန်းရေကာတာ ရေလွှတ်ချခဲ့တာကြောင့် ရွှေလီမြစ်ရေ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ဓာတ်ဆီတင်ယာဉ်တွေ ဖြတ်သန်းသွားလာလို့ မရတာကြောင့် ဓာတ်ဆီတွေ ပြတ်လပ်လုနီးပါး ဖြစ်လာတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရေကာတာဖွင့်ချခဲ့ချိန်ကစပြီး လက်ရှိအချိန်အထိ ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတွေရဲ့ ကြံခင်း၊ ပြောင်းခင်း၊ စပါးခင်းနဲ့ အခြားစိုက်ပျိုးခင်းတွေ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံစားကြရသလို သဲထုတ်လုပ်ငန်းတွေနဲ့ ကမ်းကူးလုပ်ငန်းတွေအကုန်လုံး ရပ်နားကြရတယ်လို့ တအာင်းသဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့ – TEWG က ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။