ဓာတ်ပုံ – Local

မိုင်းရူပ၊ ဇူလိုင် ၂၀ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဥရုချောင်းရေကြီးမှုကြောင့် စံချိန်တင်ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပြီး နေအိမ်တချို့ ရေထဲနစ်မြုပ်ကာ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

မနေ့ ဇူလိုင် ၁၉ ရက်ကစလို့ ဖားကန့်မြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်းရေကြီးလာပြီး မြို့တွင်း မြေနိမ့်ရပ်ကွက်တွေမှာ နေအိမ်တွေ နစ်မြုပ်တာ၊ မြေပြိုတာတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“ရေကြီးတာက အခုထိ မကျသေးဘူး။ အခုကြီးတဲ့ရေက ဖားကန့်၊ လုံးခင်းမှာ စံချိန်တင်ကြီးတဲ့ရေပေါ့။ လူထုတွေအတွက် အရေးပေါ်အစားအသောက်တွေ လိုအပ်နေပါတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရေကြီးရေလျှံတာတွေ ကြုံနေရတဲ့ ရပ်ကွက်တွေထဲမှာ ငှက်ပျောတော၊ အေးမြသာယာ၊ မှော်ဝမ်း၊ မရှီကထောင်၊ ဆန်းကြွယ် စတဲ့ ရပ်ကွက်တွေဖြစ်ပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုအသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကျောက်စိမ်းထွက်တဲ့ ဖားကန့်ဒေသမှာ ရေကြီးရေလျှံတာတွေ မကြာခဏဖြစ်ပွားနေပြီး ကျောက်လုပ်ကွက်တွေအတွင်း မြေပြိုတာတွေ မကြာခဏဖြစ်ပွားနေကာ သေဆုံးသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ မိုးဆက်လက်ကြီးနိုင်တယ်လို့ ဒီနေ့ ဇူလိုင် ၂၀ ရက်မှာ သတိပေးထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။