ဓာတ်ပုံ – လားရှိုးမြို့တွင်းတစ်နေရာ (ပုံဟောင်း)

ရွှေဖီမြေ၊ ဇူလိုင် ၁၀ ရက်၊ လားရှိုး

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တာကြောင့် မြို့ခံတွေ ဆီအလုအယက် ဝယ်ယူနေကြတယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အခြေအနေက ဘာဖြစ်မှန်းမသိတော့ ဒီနေ့ ဆီတန်းပြီး ဝယ်နေကြတယ်။ ဆီတန်းတဲ့သူတွေ မြို့ပြင် မုခ်ဦးအထိ ရှိတယ်။ တချို့ တရုတ်တွေကတော့ ပြောင်းသွားကြတာရှိတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် လားရှိုးမြို့ အဝင်အထွက်တွေကို စစ်ကောင်စီတပ်ဘက်က လုံခြုံရေး တင်းကြပ်ထားတယ်လို့ လားရှိုးမြို့ခံတွေက ဆိုပါတယ်။

မနေ့က ဇူလိုင် ၉ ရက် ညနေပိုင်းမှာ လားရှိုးမြို့ ရပ်ကွက် (၆)၊ (၉)၊ (၁၀) နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲကို ရှော့တိုက်ဒုံး ၄ လုံး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ နောက်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးဘဲ စစ်ကောင်စီတပ်ဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လားရှိုးမြို့တွင်းကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး မြို့ပြင်က နေရာတွေကိုတော့ ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီတပ်က တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြန်လည်ထိန်းချုပ်ပြီးနောက် လားရှိုးမြို့တွင်းမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှု ၃ ကြိမ်ထက်မနည်း ရှိပြီလို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။