ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဇူလိုင် ၉ ရက်၊ လားရှိုး

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၅) မှာ ဆိုင်ကယ်လုယက်သူတွေကို ပိုင်ရှင်ဖြစ်သူက ဓားနဲ့ခုတ်သတ်လို့ တစ်ဦးသေဆုံးသွားတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ကွက် (၅) အမှတ်- ၁၀ အခြေခံပညာအထက်တန်းကျောင်းအနီးရှိ နေအိမ်တစ်ခုမှာ အမျိုးသား ၃ ဦးက ဆိုင်ကယ်ကို လုယက်ဖို့ ကြိုးစားစဉ် အိမ်ရှင်ဖြစ်သူက ဓားနဲ့လိုက်ခုတ်ခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်အတွင်း ဆိုင်ကယ်လုယက်သူ အမျိုးသား ၃ ဦးထဲက ၁ ဦးဟာ သေဆုံးသွားပြီး ကျန် ၂ ဦးက လွတ်မြောက်သွားကာ အိမ်ရှင်ဖြစ်သူ အမျိုးသားကို စစ်ကောင်စီတပ်က လူသတ်မှုနဲ့ ဖမ်းဆီးထားတယ်လို့ ရပ်ကွက် (၅) နေ ဖြစ်စဉ်ကို သိရှိသူ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အိမ်ရှေ့အထိကို လာလုတာ။ ဆိုင်ကယ်တွန်းပြီး အထဲကို ဝင်မလို့ ၃ ယောက်လာလုတာ။ ဓားနဲ့လိုက်ခုတ်တာ တစ်ယောက်က ခေါင်းထိပြီး သေသွားတယ်။ ခိုးတဲ့တရားခံတွေကျတော့ မဖမ်းနိုင်ဘူး။ ဓားနဲ့ခုတ်တဲ့သူကို လူသတ်မှုနဲ့ ဖမ်းသွားတယ်” လို့ ဆိုပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီတပ်ထိန်းချုပ်ပြီးနောက် ဓားပြ၊ လုယက်မှု၊ လူသတ်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေပေမယ့် စစ်ကောင်စီဘက်က အရေးယူနိုင်ခြင်းမရှိတဲ့အပေါ် မြို့ခံတွေက ဝေဖန်နေကြပါတယ်။

“လုယက်မှုတွေက ခဏခဏဖြစ်တယ်။ ဆိုင်ကယ်တွေ လုခံရတယ်။ ဓားနဲ့ခုတ်သွားတာတွေလည်း ရှိတယ်” လို့ နောက်ထပ် လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်မှာ လားရှိုးမြို့ ရပ်ကွက် (၁) ထင်းရှူးမြိုင်အတက်လမ်းမှာ အမျိုးသမီးတစ်ဦး ဆိုင်ကယ်နဲ့ ဈေးသွားတဲ့အချိန် အမျိုးသား ၂ ဦးက ဓားနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။