ဓာတ်ပုံ- Local

ယာရူစိင်၊ ဇွန်လ ၂၇ ရက်၊ နောင်ချို

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ခုတ်မိရာကနေ ပေါက်ကွဲလို့ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ နောင်ချိုမြို့နယ် ဉာဏ်တောရွာက အမျိုးသားဟာ လယ်ယာ ရှင်းရာကနေ လက်နက်ကြီး ၁ လုံး ခုတ်မိခဲ့တာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ဘယ်လိုလက်နက်အမျိုးအစားဆိုတာတော့ မသိဘူး။ သူရဲ့ လက်အပါ မျက်နှာနဲ့ ဗိုက်တွေ လက်နှစ်ဖက်လုံး ထိခိုက်သွားတာ။ ဒဏ်ရာတွေက တော်တော်ဆိုးတဲ့အထဲ ပါတယ်။ အခုတော့ ဆေးရုံကနေ မဆင်းရသေး ဆေးရုံ တက်ရတုန်း”

ထိခိုက်ဒဏ်ရာ ရရှိထားတဲ့ မောင်မင်းသစ်ဦးဟာ လက်ရှိအချိန်ထိ ပြင်ဦးလွင်ဆေးရုံမှာ ကုသမှု ခံယူနေရပြီး ဆေးကုသမှုအတွက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

နောင်ချို ဒေသခံတွေဟာ ခြံရှင်းရင်း မိုင်းနင်းမိတာ၊ အလုပ်သွားရင်း မိုင်းနင်းမိတာနဲ့ နေအိမ်ခြံဝန်းအတွင်း ရှင်းလင်းရင်း မိုင်းနင်းမိတာတွေ ဆက်တိုက်ဆိုသလို ရှိနေတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်ပေးကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ရှမ်းမြောက်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဇွန်လ ၂၇ ရက်အထိ ၅ လကျော်အတွင်း ရွှေဖီမြေ ပြုစုထားတဲ့ စာရင်းအရ မြေမြှုပ်မိုင်းတွေကြောင့် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။