ဓာတ်ပုံ – စစ်ကောင်စီ

ရွှေဖီမြေ၊ ဇွန်လ ၂၁ ရက်၊ တမူး

စစ်ကိုင်းတိုင်း ကလေး-တမူးလမ်းကြောင်းပေါ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ၂ နှစ်ကျော်ကြာ ထိန်းချုပ်ခဲ့တဲ့ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက မနေ့ ဇွန်လ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ခမ်းပတ်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်ကစပြီး ကလေး-တမူးလမ်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး ဇွန်လ ၂၀ ရက်မှာ ခမ်းပတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခမ်းပတ်မြို့ဟာ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြို့ဖြစ်ပြီး NUG နဲ့ ပူးပေါင်းတပ်တွေဘက်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်မှာ မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံကုန်သွယ်ရေးနယ်စပ် ပြန်ဖွင့်မယ်လို့ ပြောဆိုပြီးနောက် ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်လာတာ တွေ့ရပါတယ်။

NUG တပ်ဘက်ကတော့ ခမ်းပတ်မြို့ကို လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကုန်စလို့ စစ်ကောင်စီတပ်ဟာ ၎င်းလက်လွှတ်ထားရတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေတွေ ဆက်တိုက်လက်လွှတ်နေရတာတွေ ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။