ရွှေဖီမြေ၊ ဇွန်လ ၁၉ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ လက်အောက်ခံတပ်က ဖမ်းဆီးထားတဲ့ ဒေသကာကွယ်ရေးတပ် စစ်ကိုင်း PDF ရဲ့ ကွပ်ကဲရေးမှူး ကိုစစ်ငြိမ်းနိုင်နဲ့ ၄ ရက် ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုစစ်ငြိမ်းနိုင်နဲ့ ရဲဘော် ၃ ဦးဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး- ABSDF ဖိတ်ကြားထားတဲ့ ဆွေးနွေးပွဲတစ်ခုကို သွားရောက်ပြီးအပြန် NUG ရဲ့ အမှတ်(၁) စစ်ဒေသမှူးက တွေ့ဆုံလိုကြောင်း ပြောဆိုပြီး ခေါ်ဆောင်သွားရာကနေ ဇွန်လ ၁၆ ရက်ကနေ ဒီနေ့ ဇွန်လ ၁၉ ရက်အထိ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတာ ဖြစ်ပါတယ်။

ကိုစစ်ငြိမ်းနိုင်ကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာနဲ့ ဘာအမှုနဲ့ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဓိကတော့ သူ့ကို ဆွေးနွေးပွဲဖိတ်တဲ့ ABSDF ဘက်ကရော၊ အာမခံပြီး သူ့ကို ခေါ်သွားတဲ့သူတွေရော ပြန်မလွှတ်ရင်တောင် သူ့ကို ဘာကြောင့် ဖမ်းထားတယ်ဆိုတာ သိချင်တယ်။ သူ့ရဲ့ လုံခြုံရေးလည်း စိုးရိမ်ရတယ်။ အခုအချိန်ထိ ဘာအဆက်အသွယ်မှ မရဘူး”

ကိုစစ်ငြိမ်းနိုင် ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး NUG ဘက်ကလည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကိုင်း PDF ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖြစ်ပြီး စစ်ကိုင်းတိုင်းက တိုက်ပွဲတွေအပါအဝင် ၁၀၂၇ စစ်ဆင်ရေးမှာလည်း မဟာမိတ်တပ်တွေနဲ့ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု- SRA ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားလက်ရုံး တော်လှန်ရေးတပ်တော်- SRF ရဲ့ ခေါင်းဆောင်ကိုလည်း NUG ရဲ့ လက်အောက်ခံတပ်က ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

NUG ရဲ့ ကွပ်ကဲမှုအောက် မရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အခုလို ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့အပေါ် တော်လှန်ရေး အင်အားစုတွေဘက်က ဝေဖန်မှု ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။