ရွှေဖီမြေ၊ ဇွန်လ ၁၈ ရက်
လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ “ဝ” ရဲတပ်ဖွဲ့ဝင်တွေနဲ့ “ဝ” တပ် – UWSA တို့ ပူးပေါင်းပြီး အင်အားအများအပြားအသုံးပြုကာ “ဝ” ပြည်တစ်ဝန်းလုံးမှာ စစ်ဆေးရေးဂိတ်ကြီးတွေချ စစ်ဆေးတာ၊ အရေးကြီးတဲ့နေရာတွေကို ရှင်းလင်းစစ်ဆေးတဲ့ စစ်ဆင်ရေးကို ဖော်ဆောင်နေတယ်လို့ WSP က ထုတ်ပြန်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က UWSP ရဲ့ “မူးယစ်ဆေးဝါးအလုံးစုံတိုက်ဖျက်ရေး၊ ပြည်သူလူထုအားလုံး မူးယစ်ဆေးဝါး ကင်းဆင်ရေး” ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်ဆောင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
“ဝ” ပြည်ထဲ မူးယစ်ဆေးဝါး ဝင်ရောက်မလာစေဖို့ နယ်စပ်လိုနေရာတွေ၊ အရေးကြီးတဲ့ လမ်းပိုင်းတွေနဲ့ သယ်ယူပို့ဆောင်ရေးရဲ့အချက်အချာကျတဲ့နေရာတွေမှာ အမြဲတမ်းတာဝန်ချထားခြင်း၊ ကင်းလှည့်ခြင်းကို အသုံးပြုပြီး ကားတိုင်းနဲ့ သံသယရှိသူတိုင်းကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီစစ်ဆင်ရေးမှာ မူးယစ်ဆေးဝါးနဲ့အတူ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ကိုလည်း တိုက်ဖျက်မှာ ဖြစ်တဲ့အတွက်ကြောင့် တည်းခိုခန်း၊ ဟိုတယ်နဲ့ အငှားအိမ်တွေမှာ နေထိုင်သူနဲ့ မှတ်ပုံတင်အထောက်ပထားမကိုက်ညီခြင်း၊ မှတ်ပုံတင်တစ်ခုတည်းကို အသုံးပြုပြီး လူအများအပြားတည်းခိုခြင်း စတဲ့စည်းမျဉ်းချိုးဖောက်မှုတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့ ဖော်ပြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။