ဓာတ်ပုံ – Local

ခိုင်လေး၊ ဇန်နဝါရီ ၂၉ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်တဲ့ မူဆယ်မှာ အမျိုးသားသုံးဦးက စမတ်ကတ် သွားယူပြီး ပြန်လာတဲ့ အမျိုးသားတစ်ဦးကို ဓားနဲ့ ထိုးခဲ့တယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၂၈ ရက်က မူဆယ်မြို့ စွမ်‌စော်ရပ်ကွက် ၁ လမ်းမှာ အသက် ၃၉ ဝန်းကျင်ရှိ ဦးရွှေမောင်ဆိုသူဟာ ဝဲဘက်နံရိုးမှာ ဓားထိုးဒဏ်ရာ ရရှိခဲ့တာပါ။

“သူ့ရဲ့ အမျိုးတွေကို အကြောင်းကြားထားတော့ သူတို့က လာကြည့်တယ်။ သူ့ရဲ့မိသားစု‌ဆီကို အပ်လိုက်ပြီ။ သူ နမ့်ခမ်းဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်က မူဆယ် လွယ်ကီလောက်တောင်မှာ အထိုင်ချထားတဲ့ စစ်တပ်က မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်နေတဲ့ နမ့်ကတ်အုပ်စု မိုင်းဆက်ရွာမှာ နေထိုင်တဲ့ တာအိုက်ကျန်း ဆိုသူကို ဖမ်းဆီးထားတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ဆွေမျိုးက စစ်တပ်ကို တရုတ်ငွေ ယွမ် ၁ ထောင် (၆ သိန်းကျပ်)ပေးပြီးမှာ ပြန်လွှတ်ပေးကာ ၎င်းနဲ့အတူ သိမ်းဆည်းထားတဲ့ ဖုန်းနဲ့ဆိုင်ကယ်ကိုလည်း မနေ့ညမှာ ပြန်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မူဆယ်မြို့ဟာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး တရားမဝင်လုပ်ငန်း ပေါများတဲ့ဒေသ ဖြစ်တာကြောင့် ဓားထိုးမှု၊ သေနတ် ပစ်ခတ်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှု မကြာခဏ ဖြစ်ပွားတဲ့နေရာလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။