ဓာတ်ပုံ – The Kokang

ရွှေဖီမြေ၊ ဇွန်လ ၁၆ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့ထဲကို စာသင်ကျောင်းတွေ ဖွင့်လှစ်ဖို့ ကိုးကန့်တပ် MNDAA ဆီ စာတင်ထားပေမယ့် တစ်လနီးပါးကြာတဲ့အထိ အကြောင်းပြန်လာတာ မရှိသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မြို့ စာသင်ကျောင်းဖွင့်ဖို့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်မှာ ကိုးကန့်တပ်ထံ စာတင်ထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်အကြောင်းကြားလာတာမရှိသေးဘူးလို့ ဆိုပါတယ်။

” TLEC နာမည်နဲ့တော့မဟုတ်ဘူး။ ယဉ်ကျေးမှုအနေနဲ့ပဲ တောင်းထားတာ။ ယဉ်ကျေးမှုအနေနဲ့ပဲ ဖွင့်ဖို့ တောင်းထားတာ‌ပေါ့နော်။TLEC ဆို သူတို့လုံးဝမပေးတော့ဘူး။ အဆောင်လည်း အဲလိုပဲ သူတို့မပေးဘူးလို့တော့ကြားတယ်။ ပေးမယ်လို့လည်းမပြောဘူး မပေးဘူးလို့လည်း မပြောဘူး လောလောဆယ်တော့ ဒီတိုင်းပဲ ဘာမှအကြောင်းမပြန်ဘူးပေါ့”

ကွတ်ခိုင်မြို့ထဲ စာသင်ကျောင်းဖွင့်တာ မရှိသေးတာကြောင့် တချို့ကျောင်းသား/သူတွေက တခြားဒေသနဲ့ မြို့နယ်သို့ ပြောင်းရွှေ့ပြီး ကျောင်းသွားတက်နေရတယ်လို့ ဆိုပါတယ်။

“တချို့ကလေးတွေက အောက်ပြည်ဘက်သွားတဲ့သူတွေလည်း သွားတယ်။ ဝဒေသဘက် သွားတဲ့သူလည်း သွားတယ်။ တချို့ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လားရှိုးဘက် သွားတဲ့သူလည်းသွားတယ်လေ။ တကယ်လို့ ဒီမှာ ကျောင်း‌ပြန်ဖွင့်နိုင်မယ်ဆိုရင်‌တော့ တချို့က ပြန်လာမယ် အဲလိုမျိုးတော့ရှိတာပေါ့နော်။ အခု ကွတ်ခိုင်မှာ ကျောင်းမဖွင့်‌သေးဘူးဆိုပြီး ဒီဘက်မှာ တာဝန်ကျတဲ့ ဆရာ/ဆရာမတွေလည်း တခြားမြို့ပြောင်းကုန်ကြပြီ။ အခု ဒီဘက်ပြန်လာချင်တဲ့ ဆရာ/မတွေကို‌တော့ ပြန်ခေါ်ထားတယ်”

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသဘက်မှာတော့ TLEC ကျောင်း ၉ ကျောင်းသာဖွင့်မှာဖြစ်ပြီး လက်ရှိအချိန်အထိ ဆရာ/ဆရာမတွေ လုံလောက်မှုမရှိသေးကြောင်း ၎င်းက ပြောပါတယ်။

“ဆရာ/မတွေ မရောက်လာသေးဘူးဆို‌တော့ ကျောင်းအပ်လက်ခံတာတွေလည်း မရှိ‌သေးဘူး။ အခုက စာရင်းပြုစုနေတုန်းပဲ။ လက်ရှိအဲကျောင်းတွေ ဘယ်သူဝင်မလဲဆိုပြီး စာရင်းကောက်‌နေတယ်။ မုံးစီးမုံးဟွမ်တို့ဘက်က စာသင်ကျောင်း ၉ ကျောင်းပဲစာရင်းရထားတယ်။ ဖွင့်မယ်မဖွင်ဘူးဆိုတာ မသိရသေးဘူး”

ဒါ့အပြင် နမ့်ဖတ်ကာဒေသဘက်တွေမှာလည်း ရရှိထားတဲ့စာရင်းအရ TLEC ကျောင်း ၂၆ ကျောင်းသာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွင်း ကွတ်ခိုင်မြို့နယ်ထဲမှာ TLEC က ကျောင်းပေါင်း ၁၀၇ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား/သူ ဦးရေ ၃ ထောင်ကျော်ရှိခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။