ဓာတ်ပုံ – Local

လွေးထွေး၊ ဇန်နဝါရီ ၂၉ ရက်၊ မူဆယ်

တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ဟာ နိုင်ငံရေးအခြေအနေကြောင့် ပြန်ပိတ်မှာကို စိုးရိမ်ကြလို့ ကြံတောင်သူတချို့က တရုတ်ပြည်ထဲ ကြံတွေကို အလုအယက် တင်ပို့ခဲ့ကြတယ်လို့ ၁၀၅ မိုင် ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းကတည်းက ကြံစိုက်တောင်သူတချို့က ခုတ်ယူလို့ရပြီဖြစ်တဲ့ ကြံကို ခုတ်ကြပြီး တရုတ်နှစ်သစ်ကူး မတိုင်ခင် ဂိတ်ပိတ်မှာကို စိုးရိမ်တာနဲ့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဂိတ်ပိတ်မှာကို စိုးရိမ်လို့ တင်ပို့ခဲ့ကြပါတယ်။

ကြံတောင်သူ အမျိုးသားတစ်ဦးက “အခုကတော့ နှစ်သစ်ကူးဆိုတော့ ခဏပိတ်ထားတယ်။ လကုန်ပြီး တစ်ရက် နှစ်ရက်နေမှ ပြန်ဖွင့်မယ်ကြားတယ်။ ပြီးခဲ့တဲ့ ရှေ့အပတ်တွေကဆို ဒီကလူတွေက အလုအယက်ဘဲ ခုတ်ကြတယ် ပို့ကြတယ်။ ဂိတ်ပိတ်မှာ ကြောက်ကြတာလဲပါတယ်။ နှစ်သစ်ကူးပြီးရင် ဈေးကျမှာလည်း ကြောက်ကြလို့” ဆိုပြီး ပြောပါတယ်။

လက်ရှိ ကြံဈေးဟာ တရုတ်ပြည်ထဲ တစ်တန်ကို ယွမ် ၃၇၀ ရပြီး ပြည်တွင်းထဲက စက်ရုံတွေမှာတော့ တစ်တန်ကို ၃၂၀ ယွမ် ပေါက်ဈေး ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာဘက်က ပို့ကုန်တွေကိုသာ တရုတ်ဘက်က လက်ခံတာဖြစ်ပြီး တရုတ်နိုင်ငံဘက်ကတော့ ဘယ်ကုန်ပစ္စည်းကိုမှ မြန်မာဘက် သယ်ယူခွင့် မပြုသေးကြောင်း နောက်ထပ် ကြံကုန်သည်တစ်ဦးက ပြောပါတယ်။

ကျင်စန်းကျော့ဂိတ်ကို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက ညီနောင်မဟာမိတ် သုံးဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှာ တရုတ်ဘက်က ပြန်ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။