မိုင်းရူပ၊ ဇန်နဝါရီ ၂၉ ရက်၊ ကျောက်မဲ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ လေကြောင်း စိုးရိမ်ချက်ကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ယာယီပိတ်ပင်ထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်တပ်ဟာ ကျောက်မဲမြို့ပေါ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် မနေ့ ဇန်နဝါရီ ၂၈ ရက်ကစပြီး PSLF/TNLA ရဲ့ ကျောက်မဲမြို့ အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြီးတော့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အသုံးပြုခွင့် ယာယီပိတ်ပင်ထားတာ ဖြစ်ပါတယ်။

“စတားလင့်ခ်က ပိတ်ထားတာ ဟုတ်တယ်။ CDMA ဖုန်းလိုင်းလည်း ပိတ်ထားတယ်။ သတင်းပေး ရှိနေလို့ပြောတယ်။ မနေ့ကစပြီးတော့ မိသားစုနဲ့ အဆက်အသွယ် မရတော့ဘူး” လို့ မန္တလေးမှာ စစ်ရှောင်နေတဲ့ ကျောက်မဲဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ သတင်းပေး ရှိနေတာကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကို ပိတ်ပင်ထားတာဖြစ်တယ်လို့ ကျောက်မဲမြို့ရှိ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နဲ့ ၂၇ ရက်မှာ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံနဲ့ ကျောက်မဲမြို့ ရပ်ကွက် ၂ မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM ဆေးဝန်ထမ်းဆရာမတွေအပါအဝင် ၄ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ကျောက်မဲမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ထားပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာလည်း လေကြောင်း စိုးရိမ်ချက်ကြောင့်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပိတ်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။