ဓာတ်ပုံ – Screenshot

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ကားခိုးလာတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း မြင်တွေ့ခဲ့ရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ ဇွန်လ ၇ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက် (၁၂) က နေအိမ်တစ်ခုထဲမှာ ကားခိုးပြီး မောင်းပြေးချိန် လမ်းဘေးဝင်တိုက်မိတာကြောင့် သူခိုးက ထွက်ပြေး‌ဖို့ ကြိုးစားနေချိန်မှာပဲ ဒေသခံတွေ ဝိုင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

‎ဖြစ်စဉ်ကိုမြင်ခဲ့ရသူ အမျိုးသားက “သူက ကားခိုးလာပြီး မီးပွိုင့်မရောက်ခင်မှာ လမ်းဘေးဝင်တိုက်မိလို့ ကားပျက်သွားတာ။ အဲအချိန်မှာ ထွက်ပြေးရင်းနဲ့ မိသွားတာ။ အဲအချိန် လူအဲလောက်များတာကို တအားသောင်းကျန်းနေသေးတာ” လို့ ပြောပါတယ်။

‎ကားပျက်သွားတဲ့ အချိန်မှာပဲ အနီးရှိ ဆိုင်ကယ်တစ်စီးကိုပါ ထပ်မံခိုးယူဖို့ လုပ်ဆောင်ခဲ့တာကြောင့် အနီးဝန်းကျင်က ဒေသခံတွေက တွေ့ရှိခဲ့ပြီး ဆိုင်ကယ်ကို ပြန်ရခဲ့တယ်လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

‎လားရှိုးမြို့မှာ အလားတူဖြစ်စဉ်မျိုး မကြာခဏဖြစ်ပွားနေပြီး သက်ဆိုင်ရာက ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးနိုင်တာ မရှိတာကြောင့် ဒေသခံတွေက သူခိုးတွေကို ကိုယ်ထူကိုယ်ထဖမ်းဆီးနေကြရတာ ဖြစ်ပါတယ်။

‎ဖမ်းဆီးရမိတဲ့ သူခိုးတွေကို သက်ဆိုင်ရာတွေထံ လွှဲပေးတာမျိုးရှိပေမယ့် သက်ဆိုင်ရာတွေက ပြန်လွတ်ပေးတာတွေရှိကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။