အခြေခံ ဆေးဝါးဈေးနှုန်းတွေ ၅ ဆကျော် မြှင့်တက်နေချိန် ဒီလိုဝေးလံခေါင်သီတဲ့ဒေသက လူထုတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေရဖို့ ဝေးသထက် ဝေးနေဆဲ ဖြစ်ပါတယ်။
ဒီဘက်ဒေသက လူထုတွေဟာ ကျန်းမာရေးဆိုင်ရာပြဿနာကို ရိုးရာဆေးကုသနည်းလမ်းတွေနဲ့သာ အားကိုးပြီး ဖြေရှင်းနေရတာကြောင့် အသက်မသေဆုံးသင့်ဘဲ သေဆုံးတာတွေ ကြုံခဲ့ရပါတယ်။
ဆေးပေးခန်း မရှိတဲ့အပြင် ဆေးရုံနဲ့လည်း အလှမ်းဝေးလွန်းတာကြောင့် မွေးမိခင်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တဲ့ ကျေးရွာလေးတစ်ရွာ ဖြစ်ပါတယ်။
အဲဒီကျေးရွာလေးဟာ မြို့နဲ့ အလှမ်းဝေးတဲ့ တအာင်းဒေသ မန်တုံမြို့နယ်ထဲက မန်မောက်ကျေးရွာ ဖြစ်ပါတယ်။