အလင်း၊ မေလ ၂၉ ရက်၊ ပလက်ဝ

ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင် ပလက်ဝမြို့နယ် ဆမီးမြို့နယ်(ခွဲ)မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် တစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်ဟာ စစ်ရေးလှုပ်ရှားမှု မရှိဘဲ ဆမီးမြို့ ဝါရူးနဲ့ ကယက်ရွာကြား ကျေးရွာချင်းဆက်တဲ့လမ်းကို မနေ့ မေလ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ဂျက်ဖိုက်တာတစ်စီးနဲ့ ကျေးရွာချင်းဆက်လမ်းကို နှစ်ကြိမ် ကြဲသွားတာပါ။ ပထမအကြိမ် ဗုံးသီးတစ်လုံးကြဲတယ်။ ဒုတိယအကြိမ် သုံးကြိမ် ထပ်ကြဲတယ်။ အကုန်လုံး ဗုံးသီး လေးလုံးလောက် ကြဲသွားတာပါ။ အခု ဗုံးကြဲတဲ့နေရာက ဘာစစ်ရေးလှုပ်ရှားတာ မရှိဘူး” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လမ်းသွားလမ်းလာ လူတစ်ဦးဟာ ပွဲချင်းပြီး သေဆုံးပြီး လူနှစ်ဦးက ပြင်းထန်ဒဏ်ရာရကာ လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဗုံးကြဲခံရတဲ့ ဝါရူးနဲ့ ကယက်ကျေးရွာချင်းဆက်လမ်းဟာ ဒေသခံတွေအပြင် တော်လှန်ရေးတပ်ဖွဲ့တွေလည်း တခါတလေ အသုံးပြုတာကြောင့် စစ်တပ်က အခုလို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆနေကြတာလည်း ရှိပါတယ်။

“လမ်းက ဒေသခံ အရပ်သားတွေ လူမှုရေး၊ စီးပွားရေးတွေအတွက် အဓိက အသုံးပြုတာပါ။ တော်လှန်ရေးဘက်ကသူတွေလည်း ရိက္ခာသယ်ယူတဲ့အခါ ရံဖန်ရံခါ အသုံးပြုတာရှိတယ်။ အဲဒါကို သတင်းပေးတဲ့သူတွေရှိလို့ အခုလို စစ်ကောင်စီက ဗုံးကြဲတာလို့ ယူဆပါတယ်” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်က ဗုံးမကြဲမီ ဝါရူး-ကယက် ကျေးရွာချင်းဆက်လမ်းကို မနက်ပိုင်းမှာ ကင်းထောက်လေယာဥ်တွေနဲ့ စောင့်ကြည့်ပြီး ဗုံးကြဲတာလို့ သိရပါတယ်။

စစ်တပ်ဟာ ပလက်ဝမြို့နယ်အပြင် မတူပီ၊ ကန်ပက်လက်၊ မင်းတပ် စတဲ့ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တွေကို ဒီရက်ပိုင်း လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ် ဖမ်းဆီးထားတဲ့ မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်လာပြီး ၅ဦး ကျန်ရှိနေ

ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လားရှိုးမြိနယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ၅ ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။