ဟွမ်လောဝ်၊ မေလ ၂၄ ရက်၊ သီပေါ
စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သီပေါမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မေလ ၂၄ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ ရှော့တိုက်ဒုံး ၂ လုံးနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာကို မသိရဘူးလို့ ဆိုပါတယ်။
“၂ လုံး ပစ်လာတာ။ ဘယ်အဖွဲ့က ပစ်လာလဲတော့ မသိဘူး။ မြို့ပေါ်နဲ့ တပ်ထဲ ကျတယ်လို့တော့ ကြားတာပဲ။ ဒါပေမဲ့ မသေချာဘူးလေ”
သီပေါမြို့ထဲ စစ်တပ်က ထိန်းချုပ်ထားပြီး သီပေါ-လားရှိုးလမ်းမကြီးပေါ်ရှိ ကျေးရွာတွေကိုတော့ ကိုးကန့်တပ်- MNDAA က ထိန်းချုပ်နေတာပဲ ဖြစ်ပါတယ်။
အလားတူ လားရှိုးမြို့ရှိ ခြေလျင်တပ်ရင်း ၄၁ တပ်ထဲကို ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။