ဓာတ်ပုံ- Local

လွေးလာဝ်ဇာရ်၊ မေလ ၂၄ ရက်၊ ဆီဆိုင်

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် ပင်ညိုးရွာခံ အမျိုးသားတစ်ဦး ဆက်ကြေး မပေးလို့ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် လက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်မှာ PNO အဖွဲ့ဝင်တွေဟာ ဆက်ကြေး ၁ သိန်း မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပင်ညိုးရွာခံ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးကို တစ်ဦးလျှင် ကျပ် ၄ သိန်းနဲ့ ပြန်ရွေးယူခိုင်းခဲ့ရာ တစ်ဦးက မရွေးနိုင်တာကြောင့် လက်ကျိုးတဲ့အထိ ရိုက်နှက်နှိပ်စက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်သိရှိ အမျိုးသားတစ်ဦးက “PNO အဖွဲ့ကတွေ ဆက်ကြေး ကောက်တာပေါ့နော်။ သိန်းနဲ့ချီ ကောက်တယ်။ အဲသုံးအိမ်က တစ်အိမ်ကို အကြွေးတစ်သိန်းစီ ကျန်တယ် မထည့်နိုင်သေဘူး။ တစ်သိန်း ကျန်တယ်ဆိုပြီး ဖမ်းဆီးသွားတယ် သုံးယောက်။ တစ်ယောက်ကို ၁ သိန်းနဲ့ မရတော့ဘူး။ တစ်ယောက်ကို ၄ သိန်းနဲ့ ရွေးခိုင်းတာ။ ကျန်နှစ်ယောာက် ရွေးနိုင်တော့ ရိုက်တာ အဲလောက်မဟုတ်ဘူး။ ကျန်တဲ့တစ်ယောက်ကျတော့ မရွေးနိုင်လို့ဆိုပြီး ရိုက်နှက်တာ။ လက်တစ်ဖက်က ပုပ်ပြီးတော့ ဖြတ်လိုက်ရတယ်။ ခြေထောက်မှာလည်း ဒဏ်ရာ ရထားတယ်” လို့ ပြောပါတယ်။

PNO ရဲ့ ရိုက်နှက်နှိပ်စက်မှုကြောင့် လက်တစ်ဖက် ဖြတ်လိုက်ရတဲ့ အမျိုးသားဟာ ဦးခွန်မောင်လွန်ဆိုသူဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရပြီး ဆေးဝါးကုသစရိတ် အကူအညီ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

ဦးခွန်မောင်လွန်ကို ရိုက်နှက်နှိပ်စက်တဲ့ PNO အဖွဲ့ဟာ တယံကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ခွန်ထွက်မောင်၊ ဗိုလ်ကြီး ခွန်မြတ်၊ ဗိုလ်ကြီး ငံတုတ်ဆိုသူတွေဖြစ်တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

PNO အဖွဲ့ဟာ ဆက်ကြေး မထည့်နိုင်တဲ့ ဒေသခံတွေကို ရိုက်နှက်နှိပ်စက်တာအပြင် ရွာအပြင် နှင်ထုတ်တာ၊ နေအိမ် ဖျက်ဆီးတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။