ရွှေဖီမြေ၊ မေလ ၂၁ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် ၂ မှာ နေထိုင်တဲ့ စိတ်ကျန်းမာရေး ချို့ယွင်းသူ အမျိုးသားတစ်ဦး ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်က ပြောပါတယ်။
စိတ်ကျန်းမာရေး ချို့ယွင်းတဲ့ အသက် ၂၅ နှစ်အရွယ် မိုင်းအငိုင်ဆိုသူက ပျောက်ဆုံးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၈ ရက်က အိမ်ကနေ ထွက်သွားရာကနေ လက်ရှိအချိန်ထိ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။
“သူက စိတ်မနှံ့တဲ့သူဆိုတော့ သူများ သွားရိုက်တာတို့ သူများက သူ့ကိုရိုက်တာတို့ ဖြစ်မှာဆိုးလို့။ ကွတ်ခိုင်တဝိုက် လိုက်ရှာလည်း မတွေ့ဘူး။ ကြားတာက လားရှိုးဘက် ဆင်းသွားတယ်လို့ ကြားတယ်။ သူ့ကို တွေ့ရှိခဲ့ရင် ခေါ်ထားပေးပြီးတော့ ကျနော်တို့နဲ့ ဆက်သွယ်လာပေးဖို့ ပြောချင်ပါတယ်” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
မိုင်းအငိုင်ကို တွေ့ရှိတဲ့သူတွေအနေနဲ့ မိသားစုရဲ့ ဖုန်းနံပါတ် 09-691 491 687၊ 09-421286 262 ကို ဆက်သွယ်ပေးဖို့ မိသားစုဝင်ဘက်က တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။