အသက် ၃၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အမ်ငွေဟာ ကလေး ၆ ယောက်မိခင် ဖြစ်ပါတယ်။
ဒေါ်အမ်ငွေရဲ့ ၂ လသားအရွယ် သမီးလေးဟာ သူ့ရဲ့ ၆ ယောက်မြောက်သမီးဖြစ်ပြီး ကလေး ၆ ယောက်အထိ မွေးဖွားခဲ့ပေမဲ့ ဆေးရုံဆေးခန်းကို တစ်ခါမှ မရောက်ဖူးသေးပါဘူး။
ဒါဟာ ဒီဒေသက လူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ အခြေအနေကို ပြသနေပါတယ်။
ဒီကျေးရွာဟာ တအာင်းဒေသ မန်တုံမြို့နယ်ထဲက အစွန်အဖျားဒေသမှာ တည်ရှိတဲ့ လွယ်ကော်ကျေးရွာဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု မရကြတဲ့ကျေးရွာတွေထဲကတစ်ရွာ ဖြစ်ပါတယ်။
အဲဒီလွယ်ကော်ကျေးရွာဟာ ရွှေလီမြစ်ကမ်းဘေးက ဝေးလံခေါင်သီတဲ့နေရာတစ်ခုဖြစ်ပြီး အိမ်ခြေ ၃၀ ကျော်ဝန်းကျင်သာရှိတဲ့ ရွာငယ်လေးတစ်ရွာ ဖြစ်ပါတယ်။