ရွှေဖီမြေ၊ မေလ ၁၉ ရက်
အစုလိုက် အပြုံလိုက် သေဆုံးတဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကြက် ဝက်တွေကို မစားသုံးကြဘဲ နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ကြဖို့ တအာင်းပြည် ကျန်းမာရေးကောင်စီ- THC က တိုက်တွန်းထားပါတယ်။
အစုလိုက် အပြုံလိုက် သေဆုံးနေတဲ့ ကြက် ဝက်တွေကို ကိုင်တွယ်တာ၊ ချက်ပြုတ်စားသောက်တာအပါအဝင် ရောင်းချတာတွေကို လုံးဝ မလုပ်ဘဲ နှာခေါင်းစည်း၊ လက်အိတ် အသုံးပြုပြီး မြှုပ်နှံဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒီလို အစုလိုက် အပြုံလိုက် သေဆုံးမှုတွေဟာ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေးဖြစ်စဉ် ဖြစ်တာကြောင့် ကူးစက်ရောဂါတွေ မပြန့်ပွားအောင် တားဆီးကာကွယ်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် လူထုတွေအနေနဲ့ ကလေးငယ်အပါအဝင် လူ ၅ ဦးအထက် တူညီတဲ့ ရောဂါလက္ခဏာနဲ့ နာမကျန်းဖြစ်တာ၊ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေးဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ရင် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ဖို့ တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။