ဓာတ်ပုံ – Nay Wai Soe

ပို့လဘား၊ ဇန်နဝါရီ ၂၇ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့မှာ ကိုးကန့်တပ်မတော်- MNDAA က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲသူတွေကို အခမဲ့ ကုသပေးမယ်လို့ လားရှိုးမြို့ရဲ့ နယ်မြေမှူးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ ပြည်သူ့ဆေးရုံက ကျန်းမာရေးဆရာဆရာမတွေဟာ ဇန်နဝါရီ ၂၃ ရက်က‌နေ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်အထိ စာရင်း‌ ကောက်ခံသွားမှာဖြစ်ပြီး ကုသပေးမယ့့်နေ့ကိုတော့ ဖေဖော်ဝါရီ ၁၅ ရက်မှ အသိပေးမှာဖြစ်တယ်လို့ ပြောပါတယ်။

“အခုလောလောဆယ်တော့ ကိုးကန့်ထိန်းချုပ်ထားတဲ့ မြို့တွေပဲ အရင်ကုပေးမယ်။ သူတို့အဆင်ပြေရင် တခြားမြို့တွေလည်း ကုပေးမှာပေါ့နော်။ သူတို့က လားရှိုးဆေးရုံမှာပဲ ကုသပေးမှာဆိုတော့”

ဒီတစ်ကြိမ်ဟာ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ တာမိုးညဲ စတဲ့မြို့တွေမှာ ကုသပေးမှာဖြစ်ပြီး တခြားမြို့နယ်နဲ့ ဒေသတွေကိုတော့ နောက်တစ်ကြိမ်မှ ကုသပေးသွားမယ်လို့ ‌အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။