ရွှေဖီမြေ၊ မေလ ၄ ရက်၊ လယ်ဒို
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ မေလ ၃ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) ကနေ လိန်ပင်ဝိုင်းကျေးရွာထဲကို ၁၂၀ မမ (၄) လုံး ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၆ နှစ်အရွယ် မောင်ဇော်လွင်၊ အသက် ၄၀ အရွယ် မမိသူနဲ့ ထောလူခိုကျေးရွာကနေ စစ်ဘေးရှောင်လာတဲ့ အသက် ၅၈ နှစ်အရွယ် ဒေါ်နွဲ့ဌေးတို့ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလ ၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း မောတောင်မြို့ပေါ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာတာကြောင့် ၂ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။