ဧပြီ ၃၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက ဒီနေ့ ဧပြီ ၃၀ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ဒီနေ့ ကျရောက်တဲ့ ကဆုန်လပြည့်နေ့အထိမ်းအမှတ်အနေနဲ့ နေပြည်တော်အကျဉ်းထောင်မှာ အကျဉ်းကျခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၁ ပုဒ်မခွဲ(၁)အရ ကျခံရန် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့ နေအိမ်မှာ ဆက်လက်ကျခံရန် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံကိုပါ ထည်သွင်းဖော်ပြထားပြီး ဘယ်ချိန်တုန်းက ရိုက်ကူးထားတဲ့ ပုံဆိုတာကိုတော့ အတည်ပြုနိုင်သေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။