ဟွမ်လောဝ်၊ ဧပြီ ၃၀ ရက်၊ သီပေါ

ရှမ်းမြောက် သီပေါမြို့မှာ လေပြင်းတိုက်ခတ်တာကြောင့် ရှေးဟောင်း စေတီတစ်ဆူရဲ့ ထီးတော် မြေခခဲ့ရပြီး ကျောင်းဆောင် ၁ ဆောင်လည်း ပျက်စီးခဲ့တယ်လို့ သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၂၉ ရက် ညနေ ၅ နာရီခွဲမှာ လေပြင်းတိုက်ခတ်တာကြောင့် သီပေါမြို့ ဇာတ်စုရပ်ကွက်ရှိ ရတနာရွှေဂူကျောင်းတိုက်က ရှေ့ဟောင်းစေတီတော်တစ်ဆူရဲ့ ထီးတော် မြေခခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“လေပြင်းကတော့ ခဏပဲ။ ကျောင်းဆောင်ကတော့ တစ်ဆောင်ပဲပျက်တယ်။ စေတီတစ်ဆူပျက်တယ်။ မိုးရွာတာက ၂ရက် ၃ ရက်လောက်ပဲ ရှိသေးတယ်”

အလာတူး တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းအုပ်စု လပိုင်းကျေးရွာမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ် ၁၀ လုံးပျက်စီးသွားခဲ့ပါတယ်။

ဒါ့အပြင် ‎ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ကလည်း လေပြင်းတိုက်ခတ်ခဲ့တာကြောင့် တာချီလိတ်မြို့တွင်းရှိ နေအိမ်နဲ့ အများသုံး အဆောက်အဦးအပြင် စေတီပုထိုးတွေလည်း ပျက်စီးခဲ့ပါတယ်။

‎ရှမ်း‌အရှေ့က ကျိုင်းတုံ၊ မိုင်းဖြတ်နဲ့ မိုင်းဆတ်မြို့မှာလည်း လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးတာတွေရှိခဲ့ပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။