ပို့လဘား၊ ဧပြီ ၂၉ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့ ရပ်ကွက် ၃ မှာ ဒီနေ့ ဧပြီ ၂၉ ရက် မနက် ၆ နာရီခွဲမှာ ယာဉ်တိုက်မှုဖြစ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးပြောပြချက်အရ သိရပါတယ်။

“တိုက်ခံရတဲ့သူတွေက နေ့တိုင်းလမ်းထလျှောက်တဲ့ အဖွဲ့တွေ။ သူတို့ လမ်းလျှောက်ပြီး ပြန်လာတဲ့အချိန်မှာပဲ ဖြစ်သွားတာ။ တိုက်တဲ့ကားက ဘုန်းကြီး‌‌မောင်းတဲ့ကားဖြစ်နေတယ်။ ဘုန်းကြီးတွေကလည်း ဆွမ်းစားကြွလာတာလား အာရုံဆွမ်းကပ်ကနေ ပြန်လာတာလားမသိဘူး။ ကားအရှိန်မထိန်းနိုင်လို့ ဝင်တိုက်တာလား မပြောတတ်ဘူး။ ကားကတော့ အရှိန်တော်တော်ပြင်းတာပဲ။ တစ်လမ်းလုံး သူတစ်စီးပဲရှိတာ”

ကားတိုက်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦးဟာ အသက် ၆၀ ကျော်ရှိပြီး ၎င်းကို တိုက်သွားတဲ့ ဘုန်းကြီးကို‌တော့ တာဝန်ရှိသူ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးထားပြီး ဘယ်လိုအရေးယူဆောင်ရွက်‌သွားမယ်ဆိုတာကို‌တော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“ဘုန်းကြီးကို‌တော့ ရဲစခန်းခေါ်သွားတယ်။ အမှုတွေကျတော့ တိုက်ခံရတဲ့ ဘွား‌တော်ရဲ့သား ပြန်လာတဲ့အချိန်ကျမှ အမှုက ကျေအေးမကျေအေး သိမှာတဲ့။ အဲလိုတော့ ကြားရတယ်။ အခုလောလောဆယ်တော့ တိုက်ခံရတဲ့သူရဲ့နားရေးသုံးဖို့ သိန်း ၃၀၀ လာပေးသွားတယ်”

တန့်ယန်းမြို့မှာ ယာဉ်တိုက်မှုတွေ မကြာခဏခဏဖြစ်ပွားနေပေမယ့် သက်ဆိုင်ရာတွေက တရားခံတွေကို ဖမ်းဆီးမိတာမရှိသလို ဖမ်းမိရင်လည်း ပြန်လွှတ်ပေးနေတာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။