ဓာတ်ပုံ – TNLA

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၂၅ ရက်၊ သီပေါ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံး ဆော့ကစားရာကနေ ပေါက်ကွဲပြီး ‌အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၅ ရက် ၁၀ နာရီဝန်းကျင်က တုံစင့်ရပ်ကွက် နယ်မြေ ၂ မှာ စစ်တပ်ရဲ့ လက်ဗစ်ဗုံးကို ဆော့ကစားရာကနေ ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့ ‌ရွှေဖီမြေရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“အဲနှစ်ယောက်က စကစရဲ့ လက်ပစ်ဗုံး စနတ်ကိုစွဲတာ အဲဒါပေါက်ကွဲပြီး တစ်ယောက်က ပွဲချင်းပြီး သေတယ် တစ်ယောက်က သီပေါဆေးရုံရောက်မှ သေတာ”

သေဆုံးသူရဲ့အလောင်းကို တအာင်းတပ်ရဲ့ သီပေါမြို့နယ် ရဲတပ်ဖွဲ့က သယ်ဆောင်ပြီး ‌သီပေါဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူက အသက် ၃၀ အရွယ်ရှိ ကိုကျော်ဇေယျဦးနဲ့ ၃၂ နှစ်အရွယ် ဖိုးသားဆိုသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်က သီပေါမြို့နယ် မန်ကောင်းရွာမှာ‌ နေထိုင်တဲ့ အမျိုးသားတစ်‌ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၇ ရက်ကလည်း သီပေါမြို့နယ် စံဖိတ်ရွာက ဦးအိုက်ဆိုင်ဆိုသူဟာ ခြံအတွင်း မြက်ရှင်းရာကနေ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။