မိုင်းရူပ၊ ဧပြီ ၂၂ ရက်၊ လားရှိုး
စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ ခြေလျင်တပ်ရင်း- ၄၁ တပ်ထဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ ဧပြီ ၂၂ ရက် နေ့လည် ၂ နာရီကျော်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်တာလည်းဆိုတာကိုတော့ မသိရဘူးလို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
” ကွဲတဲ့အချိန် အသံတော်တော်ကျယ်တယ်။ မီးခိုးလုံးတွေလည်း ထွက်လာတယ်။ တစ်လုံးဘဲ ပစ်လာတာ” လို့ ဆိုပါတယ်။
လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြို့ပြင်နေရာတွေကိုတော့ ကိုးကန့်တပ်မတော်- MNDAA ကထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၈ နာရီဝန်းကျင်မှာလည်း လားရှိုးမြို့ ရပ်ကွက် (၁၁) နယ်မြေ (၉) ထဲမှာ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။