မိုင်းဖိူမ်းဆငဲ၊ ဧပြီ ၂၁ ရက်၊ နမ့်ခမ်း
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသမှာ မြို့နယ်အလိုက် စက်သုံးဆီဈေးနှုန်းက ၉၀၀၀ ကျပ်ထိ ဈေးနှုန်းအနည်းငယ်ကျဆင်းလာတယ်လို့ သိရပါတယ်။
မြန်မာ – တရုတ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ နမ့်ခမ်းမြို့ရှိ “ဆိုင်လွယ်ဆိုင်” ပန့်ဆီဆိုင်မှာ ဓာတ်ဆီဈေးနှုန်း တစ်လီတာကို ၈၅၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ ဒေသခံတစ်ဦးက မနေ့ ဧပြီ ၂၀ ရက်မှာ ရွှေဖီမြေကို ပြောပါတယ်။
မန်တုံမြို့ရှိ ငွေတောင်တန်း ပန့်ဆီဆိုင်မှာလည်း ဒီနေ့ ဧပြီ ၂၁ ရက်အထိ ဓာတ်ဆီတစ်လီတာကို ၁ သောင်းကျပ်နှုန်းနဲ့ ရောင်းချနေပြီး နမ့်ဆန်နဲ့ နမ္မတူမြို့ရှိ ပန့်ဆီဆိုင်တွေမှာတော့ ဓာတ်ဆီတစ်လီတာကို ၁၃၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်မဲခရိုင်အတွင်းမှာရှိတဲ့ မိုင်းလုံနဲ့ မိုင်းငေါ့မြို့မှာတော့ ဓာတ်ဆီတစ်လီတာကို ၁၆၀၀၀ ကျပ်နဲ့ ၁၇၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချနေတယ်လို့ သတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောလာပါတယ်။
ပြီးခဲ့တဲ့အပတ်တွင်းမှာ တအာင်းဒေသတွင်းစက်သုံးဆီဈေးနှုန်း ၂ သောင်းကျပ်ကနေ ၃ သောင်းကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး လက်ရှိမှာတော့ စက်သုံးဆီဈေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာခြင်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။