ရွှေဖီမြေ၊ ဧပြီ ၂၀ ရက်
“ဝ”တပ် – UWSA က ၎င်းထိန်းချုပ်ဒေသအတွင်းက တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ဆက်တိုက်ပြန်ပို့နေကြောင်း “ဝ” ပြည်တရားစီရင်ရေးကော်မတီ – WSP ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
WSPရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းကစပြီး ဒီနေ့ ဧပြီ ၂၀ ရက်အထိ “ဝ” ပြည်ထဲတရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၅၂၆ ဦးအထိ ပြည်ပြန်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်မှာလည်း “ဝ” ပြည်ထဲဝင်ရောက်ခိုလှုံတဲ့ တရုတ်အလိုရှိ ရာဇဝတ်သား ၁၁ ဦးကို မန်ခါးနဲ့ ယုံဟော် နယ်စပ်ဂိတ်တွေကနေ တရုတ်ဖက် ပြန်ပို့ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီနေ့လည်း WSP က ပြီးခဲ့တဲ့အပတ်တုန်းက တရုတ်နိုင်ငံသား ၂၀ ဦးကို ပြန်ပြန်ပို့နိုင်ခဲ့တယ်လို့ ဖော်ပြထားပြီး ပြန်ပို့ခံရတဲ့သူတွေဟာ ကျားဖျန်နဲ့ဆက်စပ်သူ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်သူ၊ တရုတ်အလိုရှိ ရာဇဝတ်ကျူးလွန်တွေ ဖြစ်ကြပါတယ်။
ဒါကြောင့် UWSA က ” ဝ ပြည်ဟာ ပြစ်မှုကျူးလွန်သူတွေအတွက် ပုန်းကွယ်စရာနေရာမဟုတ်ပါ။ ဥပဒေချိုးဖောက်သူ ဘယ်သူမဆို နောက်ဆုံးမှာ ဥပဒေအရ ပြင်းထန်စွာအရေးယူခံရမယ် ဖြစ်တယ်” လို့ သတိပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။