လက်ဖက်မြေ၊ ဧပြီ ၁၉ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ်မှာ အမျိုးသား ၂ ဦး မိုင်းနင်းမိလို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက် ညနေ ၆ နာရီမှာ ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ် ခိုက်တွေကျေးရွာက အသက် ၁၄ နှစ်အရွယ်နဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသား ၂ ဦးဟာ ကျွဲကျောင်းပြီး အပြန်မှာ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။
“သူတို့က ရှမ်းတောင်ဘက်က လူတွေပါ။ ဒီရွာမှာ လာနေတော့ ဒီရွာက ရွာသားဖြစ်သွားတာပေါ့။ ဒဏ်ရာရတာက ပြင်းထန်တယ်။ ကျွဲကျောင်းလို့ ညနေ အပြန်မှာ နင်းမိတာ”
လက်ရှိမှာ ဒဏ်ရာရရှိခဲ့တဲ့ ခိုက်တွေက အမျိုးသား ၂ ဦးဟာ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
အခုလို မြေမြှုပ်မိုင်း နင်းမိတာတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် အထူးဂရုစိုက်နေရတယ်လို့ ကျေးရွာခံတွေက ပြောပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ကလေး ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ၂၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။