ဓာတ်ပုံ- AA

ရွှေဖီမြေ၊ ဧပြီ ၁၁ ရက်

မနေ့ ဧပြီ ၁၀ ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်- AA ရဲ့ ၁၇ နှစ်ပြည့် တပ်မွေးနေ့အတွက် ပေးပို့လိုက်တဲ့ သဝဏ်လွှာမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံဖို့ လုံးဝ ယုံကြည်ချက်နဲ့အညီ တိုက်ပွဲဝင်ကြဖို့ တပ်သားတွေကို ပြောဆိုထားပါတယ်။

ခြွင်းချက်အနေနဲ့ အဲဒီကာလရောက်လို့ မပြီးနိုင်သေးရင်လည်း အဆုံးထိ တိုက်ပွဲ ဝင်သွားကြဖို့လည်း ပြောဆိုထားပါတယ်။

“ငါတို့၏ ပေးဆပ်ထားမှုများ တစ်ခုမျှ အလဟဿ မဖြစ်စေရ။ နိုင်ကို နိုင်ရမည်၊ အောင်ကို အောင်ရမည်ဟူသော ယုံကြည်ချက်၊ သန္နိဋ္ဌာန်တို့နှင့်အတူ ငါတို့ ဆက်လက်ပြီး အပြတ်သားဆုံး တိုက်ပွဲဝင်ကြရန် ၁၇ နှစ်မြောက် တပ်တော်နေ့မှာ လမ်းညွှန်မှာကြားလိုက်သည်” လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။

အာရက္ခတပ်တော်နဲ့ အာရက္ခပြည်သူတွေရဲ့ ၁၇ နှစ်တာ တိုက်ပွဲဝင် ရုန်းကန်ကြိုးစားမှုကြောင့် အာရက္ခနယ်မြေအများစုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်လာပြီဖြစ်ကြောင်းနဲ့ ဘဝတူ အဖိနှိပ်ခံတော်လှန်ရေး မိတ်ဖက်အင်အားစုတို့ကို စာနာနားလည်မှု မှန်ကန်သော စေတနာနဲ့ တတ်နိုင်သမျှ လက်တွဲဖေးမကူညီကာ ဘုံရန်သူကို အတူတူလက်တွဲ တိုက်ပွဲဝင်ကြရန်၊ မဟာမိတ်ကို အလေးအနက် တန်ဖိုးထားကာ အပြန်အလှန်ကူညီပြီး ဆက်လက် တိုက်ပွဲ ဝင်သွားကြရန်၊ အပြန်အလှန် စာနာနားလည်မှု၊ လေးစားတန်ဖိုးထားမှု၊ စည်းလုံးညီညွတ်မှု၊ လက်တွေ့ကျတဲ့ တိုက်ပွဲတွေနဲ့အတူ လက်တွဲတိုက်ပွဲဝင်ကြဖို့လည်း သူက ပြောဆိုထားပါတယ်။

AA ဟာ ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ တောင်ကုတ်၊ အမ်း၊ ဂွ၊ ငပလီ၊ သံတွဲ၊ ကျောက်တော်၊ ရမ်းဗြဲနဲ့ ချင်းပြည်က ပလက်ဝမြို့တွေကို သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ် ၃ ခုသာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။