မိုင်းပန်ပျော်၊ ဧပြီ ၇ ရက်၊ နမ္မတူ

တအာင်းတပ်မတော် -TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ် မိုင်းရင်အုပ်စု မန်ဆာကျေးရွာမှာက အမျိုးသားတစ်ဦဟာ ပျက်နေတဲ့ မီးကြိုး‌တွေ ပြင်နေရင်း ဓာတ်လိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ ဧပြီလ ၃ ရက်နေ့မှာ မန်ဆာကျေးရွာက အမျိုးသားတစ်ဦးက မီးပြင်နေရင်း ဓာတ်လိုက်ခံရတာကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“၃ ရက်နေ့တုန်းက မီးပြင်နေတုန်း မီးရှော့ဖြစ်ပြီး ဓာတ်လိုက်သွားတာ။ အဲဒါကြောင့် သေသွားတာပါ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

သေဆုံးသူကတော့ အသက် ၃၀ ဝန်းကျင်အရွယ်ရှိတဲ့ ဦးအိုက်နိုင်ဆိုသူဖြစ်ပြီး မန်ဆာကျေးရွာမှာ မီးစက်ပြင်ဆရာအဖြစ် လုပ်ကိုင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဓာတ်လိုက်သေဆုံးသွားတဲ့ ဦးအိုက်နိုင်ရဲ့ ရုပ်အလောင်းကို ကျေးရွာသားတွေက ဝိုင်းဝန်းသဂြိုလ်ပေးခဲ့ပြီး ရက်လည်ဆွမ်းအလှူလည်း ပြုလုပ်ပေးခဲ့ပြီလို့ သိရပါတယ်။

မီးစက်နဲ့ လျှပ်စစ်ပစ္စည်းတွေကို ပြုပြင်တဲ့အခါမှာ အခုလို နောက်ထပ် မဖြစ်ရလေအောင် အထူးဂရုစိုက်ကြဖို့ လိုအပ်ကြောင်းလည်း ပြောဆိုကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။