ရွှေဖီမြေ၊ ဧပြီ ၄ ရက်

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ တအာင်း(ပလောင်)ဒေသ မန်တုံမြို့နယ်မှာ တိုက်ပွဲကာလအတွင်း ဒဏ်ရာရရှိသူတွေနဲ့ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့တဲ့ အရာရှိ၊ အရာခံတွေကို ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့တယ်လို့ TNLA က ဒီနေ့ ဧပြီ ၄ ရက် ညမှာ ထုတ်ပြန်ပါတယ်။

တွေ့ဆုံဂုဏ်ပြုပွဲကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်မှာ ကျင်းပခဲ့တာဖြစ်ပြီး တအာင်းပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးတို့အတွက် အနစ်နာခံ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုတာနဲ့ ၎င်းတို့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဂုတ်ပြုပွဲ အခမ်းအနားကို PSLF/TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားဇိုက်ဇာရ်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်တို့ တက်ရောက်ခဲ့ကြပြီး တိုက်ပွဲကာလအတွင်း ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော် စုစုပေါင်း ၃၄၉ ဦးကို ဂုဏ်ပြုလက်ဆောင်တွေ ပေးအပ်တာနဲ့ အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်က စတင်ပြီး ညီနောင်မဟာမိတ်တွေနဲ့အတူ ဆောင်ရွက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်း တိုက်ပွဲတွေအပြင် ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲကာလတွေမှာ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်တွေကို ဂုဏ်ပြုအမှတ်အသားတွေ ပေးအပ်ကာ အသိအမှတ်ပြုခဲ့ကြသလို အသက်၊ သွေး၊ ချွေးစွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ခေါင်းဆောင်တွေ၊ အရာရှိ၊ အရာခံတွေနဲ့ ရဲဘော်တွေရဲ့ ပေးဆပ်မှုတွေကို PSLF/TNLA အနေနဲ့ မမေ့မလျော့ဘဲ အမြဲတမ်းဂုဏ်ယူလေးစားမှာဖြစ်ပြီး ၎င်းတို့ရဲ့ စွန့်လွှတ်အနစ်နာမှုတွေဟာ တအာင်းတစ်မျိုးသားလုံးရဲ့ သမိုင်းမှာ အမြဲတမ်း မှတ်တမ်းတင်ထားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် PSLF/TNLA အနေနဲ့ တအာင်းပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး စတဲ့ ရည်မှန်းချက်တွေကို ယနေ့အထိ ဆက်လက်အကောင်အထည်ဖော် လျှောက်လှမ်းနေပြီး လက်ရှိရရှိထားတဲ့ အခြေအနေတွေဟာ ခေါင်းဆောင်တွေ၊ အရာရှိ၊ အရာခံတွေနဲ့ ရဲဘော်၊ ရဲမေတွေရဲ့ အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်လက်အင်္ဂါပေးဆပ် ဆောင်ရွက်ခဲ့တဲ့ စွန့်လွှတ်အနစ်နာခံမှုရလဒ်တွေဖြစ်ကြောင်း အဲဒီအနစ်နာခံမှုတွေကို အခြေခံပြီး တအာင်းတစ်မျိုးသားလုံးရဲ့ မျှော်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အခမ်းအနားကို PSLF/TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအပြင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ရဲဘော်တွေ၊ ဒဏ်ရာရရှိသူတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေ စုစုပေါင်း လူဦးရေ ၇၀၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး တိုက်ပွဲအတွင်း ပြသခဲ့တဲ့ စွမ်းဆောင်မှုတွေ သတ္တိနဲ့ အနစ်နာခံမှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။