ဓာတ်ပုံ – WSP

ရွှေဖီမြေ၊ ဧပြီ ၃ ရက်

“ဝ” တပ်မတော် – UWSA က လူသတ်မှု ကျူးလွန်သူ နောက်ထပ်အမျိုးသားတစ်ဦးကို လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို ဖျောက်ဖျက်ရာမှာ ကူညီပေးတဲ့ ရည်းစားဖြစ်သူ အမျိုးသမီးကိုတော့ ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ “ဝ” ပြည်တရားစီရင်ရေးကော်မတီ – WSP က ထုတ်ပြန်ခဲ့ပါတယ်။

တရားစီရင်မှုကို မနေ့ ဧပြီ ၂ ရက်က မိုင်းပေါက်မြို့မှာ စီရင်ခဲ့တာဖြစ်ပြီး သေဒဏ်ချမှတ်ခံရသူကတော့ အသက် ၂၄ နှစ်အရွယ် လီနီလူဆိုသူဖြစ်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ သူ့ရဲ့ ရည်းစားဆိုသူ အမျိုးသမီးကတော့ ဘောင်အိုးထွန်းဆိုသူဖြစ်ပြီး ၆ နှစ်တိတိ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

လီနီလူက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက် မနက်ခင်းမှာ သူ့ရဲ့ မိတ်ဆွေဖြစ်တဲ့ စန်းမီကို “မျက်နှာသစ်ပြီး သေနတ်တစ်ချက် စမ်းပစ်ကြမယ်” လို့ဆိုကာ လူမရှိတဲ့ တောထဲကို ခေါ်သွားပြီး စန်းမီသတိမထားမိတဲ့အချိန်မှာ လီနီလူက သူ့နောက်ကျောကို သေနတ် ၃ ချက်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပစ်သတ်ပြီးနောက် လီနီလူက စန်းမီရဲ့ ကားနဲ့ ကားထဲမှာရှိတဲ့ တရုတ်ယွမ်ငွေ ၂ သောင်း (ကျပ် ၁၂၈ သိန်း) တို့ကို ယူပြီး စန်းမီရဲ့ ရုပ်အလောင်းကို လယ်တောထဲ ပစ်ထားကာ ဘောင်အိုးထွန်းကလည်း စကားပြောမှတ်တမ်းဖျက်ဖို့၊ သွေးစွန်းနေတဲ့ အဝတ်အစားတွေကို ဖျက်ဖို့ ပါဝင်ကူညီလှုံ့ဆော်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဒါကြောင့် လီနီလူကို တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ လုယက်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှု စတဲ့အမှုတွေကို ပေါင်းစည်းပြီး သေဒဏ်ချမှတ်ကာ ၎င်းရဲ့ အခွင့်အရေးတွေကို တစ်သက်တာလုံး ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို သေဒဏ်ပေးတဲ့စနစ်ဟာ လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့ ကိုက်ညီမှု မရှိဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုနေကြပေမဲ့ UWSA ဟာ “ဥပဒေက သနားညှာတာမှုမရှိ” ဆိုတဲ့ ဆောင်းပုဒ်နဲ့ ရာဇဝတ်သားတွေကို လူမြင်ကွင်းရှေ့မှာ သေဒဏ်မကြာခဏပေးလေ့ရှိပြီး ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်မှာလည်း အကျဉ်းထောင် လုံခြုံရေးဝန်ထမ်းတစ်ဦးကို သတ်ဖြတ်ပြီး ထောင်ပြေးတဲ့ ရာဇဝတ်သား ၄ ဦးကို သေဒဏ်ပေးခဲ့ပါသေးတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။