ဓာတ်ပုံ- WSTV

မိုင်းပန်ပျော်၊ မတ်လ ၃၀ ရက်၊ ပန်ဆန်း

“ဝ”ဒေသ ပန်ဆန်းမြို့မှာ ထောင်စောင့်ရဲတစ်ဦးကို သတ်ပြီး ထောင်ဖောက်ပြေးခဲ့တဲ့ အကျဉ်းသား ၈ ဦးထဲက ၄ ဦးကို သေဒဏ်စီရင်ခဲ့ပြီး ကျန် ၄ ဦးကိုတော့ ထောင်ဒဏ်‌ ချမှတ်ခဲ့တယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA က ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသား ၈ ဦးဟာ နမ့်တစ် ထောင်ကနေ ထောင်ဖောက်ပြီး ထွက်ပြေးသွားချိန်မှာ ထောင်စောင့်ရဲတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီအကျဉ်းသားတွေကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းမိသူတွေထဲက ၄ ဦးကို သေဒဏ် ချမှတ်ခဲ့ပြီး ကျန်တဲ့ ၄ ဦးကို ထောင်ဒဏ် နှစ်ရှည် နှစ်တို ချမှတ်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဟုတ်တယ် သေဒဏ်ပေးတာ ပန်ဆန်းမှာ။ တလောက နမ့်တစ်ထောင်မှာ ထောင်ဖောက်ပြေးသွားတဲ့ ၈ ယောက်က ထောင်စောင့်ရဲကိုသတ်ပြီး ထွက်ပြေးသွားတာ။ အခုမှ ပြန်ဖမ်းမိပြီး သေဒဏ်ပေးတာ”

ထောင်ဖောက်ပြီး ထွက်ပြေးသွားချိန်မှာ အကျဉ်းသားတွေက ထောင်စောင့်ရဲတစ်ဦးရဲ့ ကားနဲ့ သေနတ်ကို လုယူပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ပြေးတဲ့အချိန်မှာ မြစ်ကိုကူးပြီး လွတ်မြောက်ဖို့ ကြိုးစားခဲ့သလို သက်သေ ဖျောက်ဖို့အတွက် သေနတ်ကို ရေထဲ ပစ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး စုစုပေါင်း လူ ၈ ဦးကို တရားစီရင်ခဲ့ရာ အဓိက ပါဝင်သူ ၄ ဦးကို သေဒဏ် ချမှတ်ခဲ့ပြီး ကျန် ၄ ဦးထဲက ၂ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ကျန် ၂ ဦးကိုတော့ ထောင်ဒဏ် ၁၅ နှစ်နဲ့ ၄ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

“ဝ”ဒေသမှာ လူသတ်မှုလို ပြင်းထန်တဲ့ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး အကြီးစား ကုန်ကူးမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့အမှုတွေ ဖြစ်လာရင် သေဒဏ်အပါအဝင် ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မှာလည်း UWSA ထိန်းချုပ်ထားတဲ့ မိုင်းပေါက်မြို့မှာ ဓားပြတိုက်ပြီး လူသေစေတဲ့အထိ ကျူးလွန်ခဲ့တဲ့ အမျိုးသား ၃ ဦးကို သေဒဏ် စီရင်ခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။