ဓာတ်ပုံ – Than Htay

ပျားကြီး၊ မတ် ၂၆၊ မန္တလေး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စက်သုံးဆီသိုလှောင်ရာက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးပြီး တစ်ဦးမီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၂၆ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်က မဟာအောင်မြေမြို့နယ်၊ ရှမ်းဝိုင်းရပ်ကွက်၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား ၊ ၃၇ လမ်းမှာရှိတဲ့ စက်သုံးဆီသိုလှောင်ထားတဲ့ ၃ ထပ်နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

“သူတို့က ဆီပန့်ဆိုင်လုပ်တာ။ အဲဒီအတွက် ဆီလှောင်ရာကနေ မီးလောင်တာပဲ။ သားကတော့ သေသွားတယ်။ အမေလုပ်တဲ့သူလည်း မီးလောင်ဒဏ်ရာတွေရသွားတယ်”လို့ မျက်မြင်တွေ့သူဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီး စက်သုံးဆီရှားပါးပြတ်လပ်မှုတွေရှိလာပြီး ညအိပ်တန်းစီဝယ်ယူရမှုတွေ ရှိလာတာကြောင့် ဒေသခံတချို့ဟာ ဆီသိုလှောင်ပြီး တရားမဝင်ရောင်းချမှုတွေ လုပ်ကိုင်လာကြတဲ့အတွက် အခုလိုမီးလောင်မှုတွေရှိလာတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

မန္တလေးမြို့မှာ ဆီးရှားပါးမှုကိုအခွင့်ကောင်းယူပြီး အဆမတန်အမြတ်တင်ရောင်းချမှုတွေရှိလာတဲ့ တရားမဝင်လမ်းဘေးဆီဆိုင်ပေါင်း ၁၀၀ ကျော်အထိရှိလာပေမဲ့ ဖမ်းဆီးအရေးယူခံရမှုတွေမရှိသေးဘူးလို့ မြို့ခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာ တရားဝင်သတ်မှတ်ထားတဲ့ စက်သုံးဆီဈေးနှုန်းတွေက တစ်လီတာကို ငွေကျပ် ၄၀၀၀ အောက်မှာပဲရှိနေပေမဲ့ လမ်းဘေးဆီဆိုင်တွေမှာတော့ ၁၀၀၀၀ ကနေ ၁၅၀၀၀ ကျပ်အထိအဆမတန်အမြတ်တင်ရောင်းချနေတာတွေ့ရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။