ဓာတ်ပုံ- Local

ပို့လဘား၊ မတ်လ ၂၄ ရက်၊ နမ့်ခမ်း

တအာင်းတပ်- PSLF/ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်မှာ ဓာတ်ဆီ တစ်လီတာကို ၂ သောင်းကျပ်နဲ့ ဝယ်ယူနေရပြီး ဆိုင်တချို့လည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန့်ဆီဆိုင်တွေမှာ ဓာတ်ဆီတစ်လီတာကို ၁ သောင်း ၃ ထောင်ကျပ်နဲ့ ဝယ်ယူလို့ရပေမဲ့ မနက်ပိုင်းမှာသာ ပန့်ဆိုင်တွေက ဖွင့်လှစ်တာဖြစ်ပြီး လမ်းဘေးဈေးဆိုင်တွေမှာတော့ ဓာတ်ဆီတစ်လီတာကို ၂ သောင်းကျပ်နဲ့ ဝယ်ယူနေရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဒီမနက် ဖွင့်တဲ့ဆိုင်က ၃ ဆိုင်‌ပဲ ရှိမယ်။ ပန့်ဆီဆိုင်တွေ ပိတ်လို့လေ။ လမ်းဘေးမှာ ရောင်းတဲ့သူတွေက ဈေးတင်ကြတာ။ ဓာတ်ဆီ မရှိလို့လည်း ပါတယ်။ လမ်းဘေးဆိုင်တွေမှာတောင် ဝယ်လုနေရတာ။ စနေနေ့တုန်းက ဝင်ဖြည့်တာ ၁ သောင်း ၇ ထောင်။ မနေ့ ပန့်ဆီဆိုင်မှာ ဖြတ်သွားတာ ၁ သောင်း ၃ ထောင်ပဲ ရှိတယ်။ ဒီနေ့ ပန့်ဆီဆိုင်မှာလည်း မရှိ‌တော့လို့ လမ်းဘေးမှာ သုံးဘီးတွေနဲ့ ရောင်းတဲ့ဟာတွေပဲ ထည့်တာ ၂ သောင်းတဲ့”

အလားတူ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာလည်း ဓာတ်ဆီ ပြတ်လပ်နေတာကြောင့် ဆီဆိုင်‌တွေ ပိတ်ထားရတယ်လို့ နမ္မတူဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ပန့်ဆီဆိုင်တွေလည်း အကုန်ပိတ်ထားတော့ ရောင်းစရာ မရှိတော့ဘူးလေ ဝယ်မရတော့ဘူး။ မနေ့‌က လားရှိုးဘက်ကနေ မှာရောင်းမလို့ လားရှိုးမှာလည်း ၁ သောင်း ၂ ရာနဲ့ ၁ သောင်း ၁ ထောင်လောက် ရှိနေပြီ”

နမ့်ခမ်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံကနေ စက်သုံးဆီတွေ ဝယ်ယူခွင့် ရနေပေမဲ့ ဒီရက်ပိုင်းမှာ စက်သုံးဆီ ထပ်မံ ဝယ်ယူလို့ ရမရကိုတော့ သေချာမသိရသေးပါဘူး။

နမ့်ခမ်းမှာ တအာင်းတပ်ရဲ့ နမ့်ခမ်းမြို့နယ် လောင်စာဆီ ကြီးကြပ်ရေးကော်မတီက ပန့်ဆီဆိုင်တွေ လိုက်နာရမယ့် စည်းကမ်းချက်ကို ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်မှာ ထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်ထဲမှာတော့ စက်သုံးဆီ ဈေး ကစားတာ၊ အဆင့်မမှီတဲ့ စက်သုံးဆီတွေကို ရောနှောရောင်းချတာတွေ မပြုလုပ်ဖို့ ပါဝင်ပါတယ်။

အီရန်နဲ့ အစ္စရေး၊ အမေရိကန်တို့ရဲ့ စစ်ပွဲကြောင့် ကမ္ဘာ့စက်သုံးဆီ သယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် မြန်မာအပါအဝင် နိုင်ငံအများစုမှာ စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချနေကြတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။