‎ရွှေဖီမြေ၊ မတ်လ ၂၂ ရက်၊ ရန်ကုန်

‎ရိုက်နှက်နှိပ်စက်ခံထားရတဲ့ တအာင်းအမျိုးသမီးတစ်ဦး ရန်ကုန် လေဆိပ်သို့ ပို့ဆောင်ခံထားရပြီး မိသားစုဝင်နဲ့ ဆက်သွယ်ဖို့ အကူအညီ လိုအပ်နေကြောင်း ခေါ်ဆောင်ထားသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဒီ‌နေ့ မတ်လ ၂၂ ရက်မှာ သက်ဆိုင်ရာက လေဆိပ်ကနေ တအာင်းစာပေယဉ်ကျေးမှုကို ဆက်သွယ်ပြီး လက်ရှိမှာတော့ ရန်ကုန် သာသနာ့ရောင်ခြည်ဦး (ပလောင်)ကျောင်းသို့ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

‎ဖြစ်စဉ်သိရှိသူ အမျိုးသားက “သူက လေဆိပ်မှာ ယောင်လည်လည် ဖြစ်နေလို့ ရဲတွေက ခေါ်စစ်တာ။ သူ့မှတ်ပုံတင်မှာ မတနဆိုလို့။ သူတို့က အဆင့်ဆင့် ဆက်သွယ်လာတာ။ လောလောဆယ်တော့ သူ့ကို ဘာမှမေးလို့မရသေးဘူး” လို့ ပြောပါတယ်။

‎၎င်းအမျိုးသမီးဟာ အသက် ၂၀ ဝန်းကျင်အရွယ်ဖြစ်ပြီး တရုတ်ပြည်ကနေ ‌ရန်ကုန်လေဆိပ်သို့ ပြန်ပို့ခံရတာလို့ ဆိုပါတယ်။

‎”သူ့ကိုကြည့်ရတာ စိတ်ဒဏ်ရာတစ်ခုခု ရထားတယ်လို့ ထင်တယ်။ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေဘဲ” လို့ ၎င်းက ဆက်ပြောပါတယ်။

‎၎င်းအမျိုးသမီးကို လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးပေးမှာဖြစ်ပြီး မိသားစုအနေနဲ့ အမြန်ဆုံး ဆက်သွယ်လာပေးဖို့ ခေါ်ယူစောင့်ရှောက်ထားသူတွေက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။