ဓာတ်ပုံ – ဒေသခံ

ရွှေဖီမြေ၊ မတ်လ ၁၉ ရက်၊ လားရှိုး

‎ကိုးကန့်တပ် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းကျေးရွာမှာ ပေါက်ကွဲသံတွေ နှစ်ရက်ဆက်တိုက် ကြားနေကြရတာကြောင့် ရွာခံအများစုက စိုက်ပျိုးခြံထဲသို့ ခေတ္တရှောင်နေကြရကြောင်း ရွာခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ မတ်လ ၁၈ ရက် မနက်နဲ့ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ အီနိုင်းရွာထိပ်က တအာင်းတပ် TNLA တပ်စခန်းအနီးမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတာကြောင့် ရွာခံတွေက စိုးရိမ်ပြီး တိမ်းရှောင်ကြတာလို့ ဆိုပါတယ်။

‎ရွာခံ အမျိုးသမီးက “ပလောင်ဂိတ်ဘက်မှာ ပေါက်ကွဲသံကြားရတာ ဟုတ်တယ်။ ကျမတို့ရွာက ကိုးကန့်နဲ့ ပလောင်ကြားနေရတာ။ တိုက်ပွဲဖြစ်မှာ ကြောက်လို့ တောင်ယာမှာဘဲ တော်တော်များများက ခဏရှောင်နေကြတာပေါ့” လို့ ပြောပါတယ်။

‎အီနိုင်းကျေးရွာဟာ နမ္မတူ-လားရှိုး လမ်းမပေါ်မှာရှိပြီး တအာင်းတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA တပ်တို့ အခြေချ တပ်စွဲထားတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

‎နောက်ထပ် လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးလည်း “ကွတ်ခိုင်ဘက်က တရုတ်နဲ့ ပလောင်ရန်ဖြစ်နေတာ ကြားလို့ ဒီမှာလည်း အဲလိုဖြစ်မှာကြောက်လို့ ‌ရှောင်နေကြတာ။ ပလောင်ကလည်း မြေကတုတ်နဲ့ ကင်းကိုလည်း ရွာထဲ တဖြေးဖြေး တိုးလာတာကြောင့်လည်း ပါလို့လေ” လို့ ပြောပါတယ်။

‎အဲဒီပေါက်ကွဲသံတွေဟာ ရွာခံတချို့က လက်နက်ကြီးသံလို့ ဆိုကြသလို တချို့ကလည်း မြေမြှုပ်မိုင်း ပေါက်ကွဲသံလို့ ဆိုကြပေမဲ့ ရွှေဖီဖြေက သီးခြားအတည်မပြုနိုင်ပါဘူး။

‎ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်က ဝင်တိုက်ကတည်းကနေ လက်ရှိအချိန်အထိ အီနိုင်းတံတားရှိ ကိုးကန့်တပ်နဲ့ အီနိုင်းရွာအဝင်က တအာင်းတပ် တွေဟာ ခရီးသွားလူထုကို စစ်ဆေးတင်းကြပ်နေသလို ရွာခံတွေကိုလည်း စစ်ဆေးတာ ရှိနေကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။