ဓာတ်ပုံ – CJ

လွေးဇွန်မိုး၊ မတ်လ ၁၉ ရက်၊ ကွတ်ခိုင်

ကွတ်ခိုင်တိုက်ပွဲအတွင်း ကိုးကန့်တပ်-MNDAA ရဲ့ ဒရုန်းဗုံးနဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါအဝင် ဒေသခံအနည်းဆုံး ၈ ဦးသေဆုံးခဲ့ပြီး ကလေး ၄ ဦးအပါအဝင် ဒေသခံ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေစီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့နယ် မန်ထန်ကျေးရွာ ဘုန်းကြီးကျောင်းကို MNDAAက ဒရုန်းဗုံးကြဲခဲ့လို့ ဘုန်းကြီးကျောင်းထဲမှာ ခိုလှုံနေတဲ့ အသက် ၈ နှစ်အရွယ် မအီအဝင်းနဲ့ အသက် ၄၆ နှစ်အရွယ် ယာမာအိုင်ဖစ် တို့ ထိမှန်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

“မန်ထန်ရွာ ဘုန်းကြီးကျောင်းနဲ့ လွယ်ဆိုင်ရွာဘုန်းကြီးကျောင်းကို အဲဒီ ၁၅ ရက်နေ့တုန်းက ကိုးကန့်တပ်တွေက လာပစ်သွားတာ။ အကုန်ပျက်စီးသွားတာပဲ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဆိုပါ ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် မန်ထန်ရွာက အသက် ၄ နှစ်အရွယ် လွေးအမ်၊ အသက် ၈ နှစ်အရွယ် မအီမုတ်၊ အသက် ၈ နှစ်အရွယ် မအေးဌေး၊ အသက် ၅၂ နှစ်အရွယ် ဒေါ်အေးဆာ၊ အသက် ၃၅ နှစ်အရွယ် မာအွင့်တို့ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

အလားတူ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၁၄ ရက်မှာလည်း နမ့်ဖတ်ကာ ရပ်ကွက် (၄) က အသက် ၃၄ နှစ်အရွယ် မိုင်းအိုက်ကျင်နဲ့ နောက်ထပ်အမျိုးသားတစ်ဦးတို့ကို MNDAA တပ်က ဖမ်းဆီးသွားပြီး သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

မနေ့ မတ်လ ၁၇ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ မန်ပြိန်းရွာရဲ့ ရွာသူကြီး အသက် ၃၇ နှစ်အရွယ် ဦးနိုင်ကိန်ဆိုသူကိုလည်း ကိုးကန့်တပ်ဘက်က သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး သတင်းမပေါက်ကြားစေဖို့ ရွာအဝင်အထွက်ကို ပိတ်ထားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာလည်း ကောင်းခါးမန်ပိန်းမှာ MNDAA တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကြံသွားခုတ်တဲ့ အသက် ၄၀ ကျော်အရွယ် ‌ယာအိုင်ဆိုသူ ထိမှန်သေဆုံးခဲ့ပြီး သူမရဲ့ သမီးဖြစ်သူ အသက် ၈ နှစ်အရွယ် လွေးအမ် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။

“ညနေပိုင်းပေါ့နော် ဒီမန်ပိန်းဘက်မှာ ကိုးကန့်တွေက ဗုံးသီးအလုံး ၁၀၀ ကျော်လောက်ပတ်ပတ်လည်ချတယ်။ မန်ပိန်းရဲ့ အနောက်တောမှာပေါ့။ သူတို့ထင်တာ TNLA ရှိတယ်လို့ ထင်တာလားမသိဘူး။ ဗုံးကြဲတဲ့အချိန်မှာ ကလေးအမေနဲ့ သူ့သမီးနဲ့ ထိသွားတာပေါ့။ ဒါပေမယ့် သူ့သမီးတော့ ပြင်းထန်တဲ့ဒဏ်ရာရသွားတယ်။ သူ့အမေကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်ပေါ့နော်”

အလားတူ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာပဲ ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ရွာရဲ့ ဘုန်းကြီးကျောင်းထဲ MNDAA ရဲ့ ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုကြောင့် မိုင်းထွန်းလှဆိုသူ ထိမှန်သေဆုံးခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဦးအိုက်ဟိန်းဆိုသူ ဒဏ်ရာရခဲ့တယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဲဒီ မတ်လ ၁၅ ရက်မှာပဲ ဟိုကျန့်ရွာထဲက နေအိမ်တစ်အိမ်ပေါ် ဒရုန်းဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၃ နှစ်အရွယ် ယာမာခင်ဆိုသူ ဗုံးစထိမှန်သေဆုံးခဲ့ပါတယ်။

ဒီအချက်အ​လက်တွေဟာ ရွှေဖီမြေက လက်လှမ်းမှီသလောက် ကောက်ယူရရှိထားတဲ့စာရင်းတွေသာ ဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။