ပုံစာ- ဖမ်းဆီးခံရတဲ့ ကိုထွန်းအောင်

မိုင်းဖိူမ်းဆငဲ၊ မတ်လ ၁၇ ရက်၊ နမ့်ခမ်း

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် တွန်ဟုန်းအုပ်စု နမ့်စန် (နမ့်ကျောင်)ရွာမှာ နေထိုင်တဲ့ တအာင်းအမျိုးသား ၃ ဦးကို ကိုးကန့်တပ်- MNDAA က ကွတ်ခိုင်မြို့နယ် ပိန်းဟွယ်ရွာအနီးဝန်းကျင်မှာ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကိုထွန်းအောင် (၃၁ နှစ်)၊ အလိုမ်ဦး (၂၇ နှစ်)နဲ့ အိုက်ငိုလေး (၁၈ နှစ်)တို့ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်မှာ MNDAA က နမ့်ဖတ်ကာနဲ့နမ့်ခမ်းကို အပြင်းအထန် ထိုးစစ်ဆင်ချိန် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

“၁၃ ရက်က နမ့်ခမ်းကနေ ကွတ်ခိုင်ကို ဆင်းသွားတာ။ စစ်ဖြစ်သွားတော့ ၁၅ ရက်မှာ နမ့်ခမ်းကို ပြန်တက်ဖို့ သူတို့ ကိုးကန့်တွေရှိတဲ့ လမ်းမကြီးပေါ်ကနေ မသွားဘဲ မန်ပြိန်းဘက်ကနေ တက်လာမလို့ မိုင်းယုလေးအထက် ပိန်းဟွယ်ဘက် အဲမှာကတည်းက အဆက်အသွယ် ပြတ်သွားတာ”

လက်ရှိအချိန်ထိ အဲဒီအမျိုးသား ၃ ဦးနဲ့ အဆက်အသွယ် မရသေးတာကြောင့် ၎င်းတို့ရဲ့ အသက်အန္တရာယ်ကို မိသားစုဝင်တွေဘက်က စိုးရိမ်ပူပန်နေကြပါတယ်။

၎င်းတို့ ၃ ဦးဟာ TNLA ရဲ့တပ်သား လုံးဝ မဟုတ်ကြောင်း မိသားစုဝင်တွေက ပြောဆိုကြပြီး ကိုးကန့်တပ်အနေနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

MNDAA ဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကစပြီး TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့အပါအဝင် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ TNLA စခန်းတွေကို အင်အား အလုံးအရင်းနဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး TNLA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာ၊ လက်နက်သိမ်းတာ၊ တအာင်းလူမျိုးတွေကို ဖမ်းဆီးတာ၊ TNLA နဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တဲ့ တအာင်းဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။