ပို့လဘား၊ မတ်လ ၁၇ ရက်၊ နမ့်ဖတ်ကာ

ကချင်တပ်မတော်- KIA ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ ညပိုင်း အပြင်မထွက်ဖို့ KIA က ညွှန်ကြားထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တအာင်းတပ်- TNLA ထိန်းချုပ်တဲ့ ကွတ်ခိုင်မြို့ကို မဟာမိတ်တပ်ဖြစ်တဲ့ ကိုးကန့်တပ်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် KIA က ၎င်းထိန်းချုပ်တဲ့ နမ့်ဖတ်ကာရွာမှာ ညပိုင်း အပြင်မထွက်ဖို့ ညွှန်ကြားလာတာပဲ ဖြစ်ပါတယ်။

နမ့်ဖတ်ကာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက “မနေ့ည အုပ်ချုပ်ရေးတွေရဲ့ လက်အောက်ငယ်သားတွေ လာပြောတာ။ ည ၈ နာရီကစပြီး အပြင်မထွက်နဲ့တဲ့။ ဘာအကြောင်းလဲတော့ သူတို့လည်း မပြောပြဘူး။ သူတို့ပြောတာတော့ အပြင်ထွက်သွားပြီး တခုခုဖြစ်လာခဲ့ရင် တာဝန်မယူနိုင်ဘူးတဲ့။ ဘယ်လက်နက်ကိုင်ဖြစ်ဖြစ် ကိုယ့်ကို လာပစ်သတ်တာ ရှိခဲ့ရင်လည်း တာဝန်မယူပေးနိုင်ဘူး။ လမ်းမှာ တွေ့ရင်လည်း ဖမ်းသွားနိုင်တယ်ပေါ့။ အဲလိုပဲ လာပြောသွားဝာာ” လို့ ရွှေဖီမြေကို ပြောပါတယ်။

KIA ရဲ့ ညွှန်ကြားစာထဲ ဒေသခံတွေအနေနဲ့ စစ်ဝတ်စုံ ဝတ်ဆင်ပြီး သွားလာတာတွေ မပြုလုပ်ဖို့နဲ့ အိမ်တိုင်းမှာ ကတုတ်ကျင်း တူးထားဖို့ သတိပေးထားပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး အရေးပေါ် သွားလာဖို့ လိုအပ်ရင်လည်း အုပ်ချုပ်ရေးရုံးကို သတင်းပို့ပြီးမှသာ သွားလာကြဖို့ သတိပေး ပြောဆိုထားပါတယ်။

MNDAA က TNLA ဆီကနေ ကွတ်ခိုင်မြို့ကို သိမ်းယူလိုက်ပြီးနောက် မူဆယ်-လားရှိုး လမ်းမပေါ်က KIA ဂိတ်တွေကိုလည်း ဂိတ်များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မနေ့ မတ်လ ၁၆ ရက် နေ့လယ်ပိုင်းကစ ဖယ်ရှားပေးဖို့ MNDAA ဘက်က ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အပါအဝင် မူဆယ်မြို့ ၁၀၅ မိုင်၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့နေရာ ၅ ခုထက်မနည်းက TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်က အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မတ်လ ၁၅ ရက်မှာ ကွတ်ခိုင်မြို့တစ်ခုလုံးကို ထိန်းချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။