မတ်လ ၁၆၊ နမ့်ခမ်း
နမ့်ခမ်း-မူဆယ်ကြားရှိ စယ်လန့်ကျေးရွာမှာ ကိုးကန့်ဝတ်စုံဝတ်ဆင်ထားတဲ့ ပူးပေါင်းတပ်အဖွဲ့တွေ ရောက်ရှိနေပြီး နမ့်ခမ်းကို ဒီနေ့ည ထိုးစစ်ဆင်မယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိထားပါတယ်။
အဲဒီကိုးကန့်တပ်ဝတ်စုံဝတ်ဆင်ထားသူတွေဟာ ကိုးကန့်တပ်အပြင် အခြားတပ်တွေလည်း ရောနှောပါဝင်ပြီး ဘယ်အဖွဲ့ပါဝင်လဲဆိုတာကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေပါတယ်။
စယ်လန့်ရွာမှာ ကိုးကန့်တပ်အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်တပ်မတော် (KIA)တို့လည်း ရှိထားပြီး အားလုံးကိုယ်စီ အင်အားတွေ ဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိ နမ့်ခမ်း-နမ့်ဖက်ကာကြား ၁၂မိုင်ဂိတ်မှာလည်း ကိုးကန့်တပ်က ဒရုန်းတွေနဲ့ ဆက်လက်ထိုးစစ်ဆင်နေပြီး နမ့်ခမ်းကို ၂ဖက်ပိတ်ပြီး တိုက်နိုင်ချေရှိတယ်လို့ ရွှေဖီမြေက ရရှိထားတဲ့ သတင်းအရင်းမြစ်က ပြောပါတယ်။
ကွတ်ခိုင်မြို့ကိုသိမ်းထားတဲ့ ကိုးကန့်တပ်ဟာ နမ့်ခမ်းမြို့ဘက်ကို ဆက်လက်ဦးတည် ထိုးစစ်ဆင်မယ့် အနေထားမှာ ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။