ဓာတ်ပုံ – Local

ပို့လဘား၊ မတ်လ ၁၆ ရက်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာနဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင် ပြည်‌ထောင်စုလမ်းမပေါ်ရှိ တအာင်းကျေးရွာက ရွာသူကြီးတွေကို MNDAA တပ်က အစည်းအဝေးခေါ်ပြီး ဒေသခံတွေကို ဓာတ်ပုံလာရိုက်ဖို့ ပြောဆိုသွားပြီး မှတ်တမ်းထဲပါမှာသာ ပြည်ထောင်စုလမ်းမပေါ် ဖြတ်သန်းသွားလာခွင့်ပြုပေးမယ်လို့ ဒေသခံတွေက ပြောပါတယ်။

‎မနေ့ မတ်လ ၁၅ ရက် မနက် ၉ နာရီ ဝန်းကျင်ကစပြီး ၁၀၅ မိုင်ထဲ ကား၊ ဆိုင်ကယ် အဝင်အထွက်တွေကို MNDAAက ဒီနေ့ မတ်လ ၁၆ ရက်အထိ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားပေမယ့် အသွားအလာအချို့ကတော့ ရှိတယ်လို့ ဆိုပါတယ်။

“နမ့်အွန်၊ ခိုမုန်း၊ ဆိုင်ခါဝ်ဘက်က လူတွေကို ကိုးကန့်က ဓာတ်ပုံလာရိုက်ခိုင်းတာ။သူတို့ရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ ကိုယ့်ပုံပါမှ သူတို့ပေးဖြတ်တာတဲ့။ အိမ်တိုင်းလိုလို မိသားစုအလိုက်နဲ့ ဓာတ်ပုံလာရိုက်ဖို့ ပြောတယ်။ အဲဓာတ်ပုံမှတ်တမ်းထဲမှာ ကိုယ်တွေမပါဘူးဆိုရင် ကျေးရွာထဲတွေ့တာနဲ့ ဖမ်းပြီး ထောင်ဒဏ်ပေးမယ်”

အဆိုပါ ကျေးရွာတွေက ဒေသခံတွေဟာ TNLA ထံ တာဝန်ထမ်းဆောင်သူရှိမရှိ မေးမြန်းတာနဲ့ တာဝန်ထမ်းဆောင်သူရှိရင် အဲလူတွေရဲ့ စာရင်းတွေနဲ့ လက်နက်တွေ လာအပ်ပေးဖို့ ပြောဆိုကြောင်း အထက်ပါအမျိုးသားက ပြောပါတယ်။

“တအာင်းတပ်သားဖြစ်တဲ့သူဆိုရင် သူတို့ဆီကို လက်နက်အပ်ခိုင်းထားပါတယ်။ လက်နက်အပ်ရင် သူတို့ ဘာမှမလုပ်ဘူးဆိုပြီးပြောပါတယ်”

ဒါ့အပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊တအာင်းတပ်(TNLA)နဲ့ကိုးကန့်တပ် (MNDAA)တို့ ပူးပေါင်းတိုက်ယူထားပြီး အုပ်ချုပ်ထားတဲ့နေရာအားလုံးက တအာင်းတပ်အလံကို ကိုးကန့်တပ်က ဖြုတ်ယူသွားပြီး ၎င်းတို့အလံကို ထောင်လိုက်‌ကြောင်း အဆိုပါအမျိုးသားက ပြောပါတယ်။

အဆိုပါ နမ့်ဖတ်ကာနဲ့ ၁၀၅ မိုင်ကြားရှိ တအာင်းကျေးရွာက ဒေသခံတွေကိုလည်း ကိုးကန့်တပ်က တအာင်းတပ်နဲ့ ဆက်စပ်သူတွေအားလုံး ဖမ်းဆီးသွားခဲ့တာ ရှိပါတယ်။

ကိုးကန့်တပ်ဟာ ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တအာင်းတပ်အကုန်လုံးကို ဖယ်ရှားခဲ့ပြီး လမ်းတစ်လျှောက်က တအာင်းရွာထဲကိုလည်း ဝင်ရောက်ပြီး တအာင်းတပ်နဲ့ မဆက်သွယ်ဖို့ ခေါ်ယူသတိပေးနေတာတွေလည်း ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။