ဓာတ်ပုံ- Local (ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃ ဦးထဲက ၁ဦး)

လွေးဇွန်မိုး၊ ဇန်နဝါရီ ၂၃ ရက်၊ နမ့်ခမ်း

ကချင်တပ်မတော်- KIA ဖမ်းဆီးသွားတဲ့ နမ့်ခမ်းမြို့နယ် မန်ကောင်းရွာက လူငယ်အမျိုးသား ၅ ဦးထဲမှ ၂ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၃ ဦးကိုတော့ ပြန်လွှတ်ပေးတာမရှိဘဲ စစ်သင်တန်း တက်ခိုင်းမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၀ ရက် ညနေ ၆ နာရီခန့်မှာ တရုတ်နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ် သွားလုပ်ပြီး ပြန်လာတဲ့ အသက် ၁၇ နှစ်အရွယ် မိုင်းနိုင်ထွန်းဦး၊ ၁၈ နှစ်အရွယ် မိုင်းဆန်းညွန့်နဲ့ မိုင်းနိုင်ကျမ်၊ ၁၉ နှစ်အရွယ် မိုင်းညီချွယ်နဲ့ ၂၃ နှစ်အရွယ် မိုင်းနိုင်စိန်တို့ သူငယ်ချင်း ၅ ဦးကို KIA တပ်က မန်မြိုင်ရွာအနီးမှာ ဖမ်းဆီးသွားခဲ့တာလို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့က မူဆယ်ဘက်မှာ စာအုပ် သွားယူတာ။ သူတို့ပြန်လာတဲ့အချိန်မှာ ဖမ်းသွားတာပေါ့။ သူတို့ ပြောလာပုံအရတော့ စစ်သား လုပ်ရမယ်ဆိုပြီး ဖမ်းခေါ်သွားတယ်ပြောတယ်”

ဖမ်းဆီးခံခဲ့ရတဲ့ အဲဒီအမျိုးသား ၅ ဦးထဲမှ မိုင်းနိုင်ထွန်းဦးနဲ့ မိုင်းဆန်းညွန့်ကိုသာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး ကျန် ၃ ဦးကိုတော့ ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီး တစ်နေရာမှာ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ပြန်လွတ်လာတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ကို ခေါ်ပြီးတော့ နင်တို့နှစ်ယောက်က ရောဂါရှိလို့ဆိုပြီး ပြန်လွှတ်ပေးတာ။ ကျန်တဲ့သူတွေကျတော့ ပြန်မလွှတ်တော့ဘူး။ စစ်သား လုပ်ရမယ်တဲ့။ သူတို့ မိဘတွေနဲ့လည်း ခဏပဲ စကားပြောရတာ။ သူတို့ (KIA တပ်သား)က ကျနော်တို့ကိုပြောတာ နမ့်ခမ်းဘက်က ပလောင်ကလေးတွေဆို မလွှတ်ပေးတော့ဘူးတဲ့”

ဖမ်းဆီးခံထားရချိန်အတွင်း တစ်နေ့ကို ထမင်း ၂ နပ်သာ စားရပြီး အိပ်ချိန်မှာလည်း စောင်တစ်ထည်ကို ၃ ယောက် ခြုံခဲ့ရတယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

“ကျနော်တို့ အဲဘက် ရောက်သွားတော့ ကျနော်တို့ကို ကချင်လို တစ် နှစ် သုံး ဆိုခိုင်းတယ်။ မဆိုတတ်ရင် ထိုင်ထ လုပ်ခိုင်းတယ်။ ထမင်းဆိုရင် မနက် ၁၀ နာရီတစ်ခါနဲ့ ၄ နာရီတစ်ခါ နှစ်ခါပဲ ကျွေးတယ်။ အိပ်တဲ့အချိန်မှာလည်း စောင်တစ်ထည် ပေးပြီး သုံးယောက် ခြုံခိုင်းတယ်”

KIA ရဲ့ တပ်သားသစ် စုဆောင်းရေး မူပေါ်လစီထဲ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ဘယ်တိုင်းရင်းသားလူမျိုးကိုမဆို ကောက်ခံနိုင်ပြီး လက်ရှိ နမ့်ခမ်းမှာ ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ မသိရသေးကြောင်း KIO/KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။

“ဒီစုဆောင်းရေးနဲ့ ပတ်သက်လို့တော့ ကျနော်တို့ နံပါတ်တစ်ကတော့ ကချင်လူငယ်တွေပေါ့နော်။ စုဆောင်းတာ ရှိပါတယ်။ နံပါတ် ၂ ကတော့ တခြား တိုင်းရင်းသားတွေလည်းပဲ ကချင်ပြည်နယ်မှာ နောက် ကျနော်တို့ဒေသမှာ ရှိတဲ့ဟာတွေကတော့ ကျနော်တို့ စုဆောင်းပါတယ်။ မူပေါ်လစီကတော့ ညှိနှိုင်းပြီးမှ ဆွေးနွေးပြီးမှ စုဆောင်းတဲ့ ပေါ်လစီကတော့ အဓိကထားပါတယ်။ အသက်ကတော့ ၁၈ နှစ်ပြည့်အောင်ပေါ့။ ကျနော်တို့ ဗမာပြည်မှာနေတဲ့သူတွေအားလုံးကတော့ ကျနော်တို့ (တပ်သားအဖြစ်)စုဆောင်းပါတယ်”

စိတ်ပါဝင်စားမှုပေါ် မူတည်ပြီး ညှိနှိုင်းဆောင်ရွက်တဲ့ မူပေါ်လစီကို အဓိကထားစုဆောင်းတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပေမဲ့ ပြေပြင်မှာ ညှိနှိုင်းတာမရှိဘဲ လမ်းတွေမှာ ဖမ်းဆီးတာ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်မြောက်လာသူရဲ့ ပြောပြချက်အရ အဲဒီနေရာမှာ KIA တပ်ရဲ့ ဖမ်းဆီးခံထားသူပေါင်း ၆၀ ကျော်ရှိပြီး အဲဒီအထဲမှာ အသက် ၁၄ နှစ်အရွယ် ကလေးနဲ့ အမျိုးသမီး ၁၀ ဦးထက်မနည်းလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရသူ ၆၀ ကျော်ထဲ ကချင်လူမျိုးအပြင် ရှမ်း၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့်လူမျိုးလည်း ပါဝင်တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။