Screenshot

သုတ၊ မတ်လ ၁၆ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် – MNDAA က နှစ်ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မတ်လ ၁၅ ရက်မှာ ကိုးကန့်တပ်ဘက်က ဒရုန်းကို ရာနဲ့ချီ အသုံးပြုကာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဗျူဟာကုန်းကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မနေ့ညနေပိုင်းမှာ တအာင်းတပ်ဘက်က ဆုတ်ခွာပေးလိုက်ပြီလို့ ဆိုပါတယ်။

“ကွတ်ခိုင်က ကိုးကန့်လက်အောက် ကျသွားပြီ။ မနေ့ညပိုင်းမှာ TNLA ဆုတ်သွားတာ။ မြို့ပေါ်မှာ လူအသွားအလာက ပုံမှန်ပဲ” လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မြို့အပြင် မူဆယ် (၁၀၅) မိုင်နဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ TNLA ရဲ့ တပ်စခန်းအားလုံးကို ကိုးကန့်တပ်ဘက်က မနေ့ မတ်လ ၁၅ ရက်အထိ စီးနင်းတိုက်ခိုက် သိမ်းပိုက်လိုက်တာလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒီနေ့ မတ်လ ၁၆ ရက်မှာတော့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနဲ့ နမ့်ခမ်းကြား ၁၂ မိုင်ကျေးရွာရှိ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တအာင်းတပ်ဘက်ကတော့ ဒီနေ့ မတ်လ ၁၆ ရက်အထိ ခုခံကာကွယ်နေပြီး ကိုးကန့်တပ်ဖွဲ့ တည်ရှိရာကို ထိုးစစ်ဆင်တိုက်ခိုက်တာ မရှိသေးဘူးလို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။