မတ်လ ၁၆ရက်၊ လားရှိုး
ဒီနေ့ မတ်လ ၁၆ရက်နေ့ မနက် ၁၀နာရီ ၁၀မိနစ်မှာ ကိုးကန့်တပ်-MNDAAနဲ့ စစ်ကောင်စီတပ်တို့ တွေ့ဆုံဖို့ ပြုလုပ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
“မနက် ၁၀နာရီ ၁၀မိနစ်ကတည်းက ကိုးကန့်ဘက်ကရောက်လာနေတာ။ ကား ၄စီးနဲ့အပြည့်နဲ့။ ဆင်၂ကောင် ဟိုတည်မှာ ရောက်ကြပြီ။ စကစဘက်ကတော့ အခုလာနေတုန်းပဲ”လို့ အဲသတင်းအရင်းမြစ်က ပြောပါတယ်။
လက်ရှိတွေ့ဆုံမှုဟာ စစ်ကောင်စီဘက်က တိုင်းမှူးကိုယ်တိုင်လာရောက်တက်ရောက်တာဖြစ်တယ်လို့ ဆိုပါတယိ။
လက်ရှိ ဆင်နှစ်ကောင်ဟိုတည်မှာ ကိုးကန့်တပ်ရဲ့ ရဲနဲ့ စစ်ကောင်စီဘက်က ယာဉ်ထိန်းရဲတွေ လုံခြုံရေးယူထားပြီး လမ်းတွေ ပိတ်ထားလိုက်ပြီလို့ ဆိုပါတယ်။
ကိုးကန့်တပ်နဲ့စစ်ကောင်စီတပ်တို့ဟာ လားရှိုးမှာ မကြာခဏတွေ့ဆုံပေမယ့် အခုလို့ တအာင်းတပ်ကို ကိုးကန့်တပ်က ထိုးစစ်ဆင်နေချိန် တွေ့ဆုံမှုဟာ ထူးခြားနိုင်တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။