မတ်လ ၁၄ရက်၊ ကျင်စန်းကျော
ညီနောင်မဟာမိတ် ၃ဖွဲ့ ပူးတွဲထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်မှာ တအာင်းတပ်-TNLA တပ်သားတွေကို ကိုးကန့်တပ်က အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်။
ကွတ်ခိုင်မြို့မှာ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၁၀နာရီခွဲအချိန်ခန့်မှာ ကျင်စန်းကျော့မှာလည်း တစ်ပြိုင်နက် ဝင်ရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အကောက်ခွန်တွေပါမယ်။ လုံခြုံရေး ၆ယောက်ပါတယ်။ အကုန်ဖမ်းသွားတာ။ ကွတ်ခိုင်သေနတ်ဖောက်တာနဲ့ တမ်းဝင်ဖမ်းတာ။ သူတို့အစီစဉ်ရှိပြီးသားနေမယ်။ အကုန်တစ်ပြိုက်နက် ဝင်ဖမ်းတာဆိုတော့”
လက်ရှိ ၁၀၅မိုင်မှာတော့ အခြေအနေတွေ တည်ငြိမ်ပေမယ့် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် KIA ထိန်းချုပ်ထားတဲ့ နမ့်ဖက်ကာမှာလည်း တအာင်းတပ်ရဲ့ ရဲစခန်းတစ်ခုကို ကိုးကန့်တပ်ကဝင်ရောက် ပစ်ခတ်တာတွေ ရှိတယ်လို့ ဆိုပေမယ့် အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ကွတ်ခိုင်နယ်အတွင်းက TNLA တပ်စခန်းတွေကို ကိုးကန့်တပ်က တစ်ပြိုင်နက် ဝင်ရောက်ဖမ်းဆီးတာနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေပြီး ကွတ်ခိုင်ထဲမှာလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။