ဓာတ်ပုံ- CJ

ပျားကြီး၊ မတ်လ ၁၀ ရက်၊ မန္တလေး

ဧရာဝတီမြစ်တစ်ဖက်ကမ်း မင်းကွန်းဒေသက ကျေးရွာတချို့ကို တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မတ်လ ၉ ရက် ညနေ ၆ နာရီဝန်းကျင်ကစပြီး ဧရာဝတီမြစ် အနောက်ဖက်ကမ်းက ကျေးရွာတွေဘက်မှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ထွက်ရှိလာတဲ့ မီးခိုးနဲ့ အနံ့အသက်တွေကို မန္တလေးမြို့ပေါ်က ဒေသခံတွေပါ မြင်တွေ့ခံစားခဲ့ရတာ ဖြစ်ပါတယ်။

“မန္တလေးမှာက စုံ မ ကိစ္စကို ဒုက္ခလို့ ထင်နေကြတယ်။ အနောက်ဖက်ကမ်းမှာ အခု မီးလောင်တိုက်သွင်းနေပြီ။ မြစ်လယ်က သူတို့(စစ်ကောင်စီ)ကို မထောက်ခံတဲ့ ကျွန်းတွေကို အဓိက ရှင်းလင်းတာ တိုက်ပွဲ မရှိဘူး။ စစ်ကြောင်းထိုး၊ သောက်စားမူးယစ်ပြီးမှ ရွာလုံးကျွတ် မီးရှို့တာ။ အခုထိ မီးက လောင်နေတုန်းပဲ” လို့ မန္တလေးမြို့ပေါ်မှာ နေထိုင်တဲ့ ဟင်းရွက်စုကျေးရွာမှ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျေးရွာ မီးရှို့ခံရတာနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေကို ရွှေဖီမြေအနေနဲ့ ဆက်လက်စုံစမ်းနေပြီး မီးရှို့ခံရတဲ့ကျေးရွာနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

ဧရာဝတီမြစ်အနောက်ဖက်ကမ်းက ကျေးရွာတွေအပြင် မြစ်လယ်က ဟင်းရွက်စုရွာကိုပါ မီးလောင်တိုက်သွင်းနေတာဖြစ်ပြီး မနေ့ည ၈ နာရီအထိ မီးလောင်မှုကို မန္တလေးမြို့ပေါ်ကနေ မြင်တွေ့နေရတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။